■ ပရီးမီးယားလိဂ်နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Published 19 April 2022

■ လီဗာပူးလ် နှင့် မန်ယူ (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးအတွက်အမှားမခံတဲ့ပွဲ။ သက်ဆိုင်ရာ အိပ်မက်တွေအတွက် အရေးပါတဲ့ပွဲလည်းဖြစ်တယ်။ လက်ရှိအနေအထားမှာ လီဗာပူးလ်က မန်ယူအသင်းထက် အစစ အရာရာအားသာတယ်။ နှစ်သင်းစလုံးအတွက် ဖိအားရှိနေတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ပွဲတွေကစားခဲ့ခြင်းမှာ လီဗာပူးလ်က သက်သောင့်သက်သာ ကျော်ဖြတ်နိုင်ခဲ့တာများပြီး မန်ယူအသင်းက ဖိအားတွေအောက်ကို မကြာခဏနစ်မြုပ်သွားလေ့ရှိတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် အသင်းနှစ်သင်းအကြား မာကျောမှု၊ ကြံ့ခိုင်မှုက ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ကွာခြားတာကို တွေ့ရတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ စီရော်နယ်လ်ဒိုကိုပဲ လီဗာပူးလ် အာရုံစိုက်ရမှာဖြစ်ပြီး လီဗာပူးလ်တိုက်စစ်မှာ ပေါက်ကွဲမှာက ဆာလာ၊ မာနေ၊ ဒီယက်ဇ်၊ လူစားဝင်လာမယ့် ဖေမီနို ဘယ်သူမဆို ဖြစ်သွားနိုင်တယ်။ လီဗာပူးလ်ပဲ နိုင်မှာပဲ။

- လီဗာပူးလ်အသင်းသည် မန်ယူနှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၄)ပွဲ အနိုင်ရရှိခဲ့သည်။

- မန်ယူအသင်းသည် ပြိုင်ပွဲစုံ အဝေးကွင်းနောက်ဆုံး(၅)ပွဲတွင် (၁) ပွဲသာ အနိုင်ရခဲ့ပြီး ပွဲတိုင်းလည်း ဂိုးပေးခဲ့ရသည်။

◘ မာယော့ကာ နှင့် အလာဗတ်စ်(မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၁၁း၃၀ နာရီ)

တန်းဆင်းအန္တရာယ်ရှိနေတဲ့ အသင်းအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲမျိုးမှာ အိမ်ရှင်အသင်းကိုပဲ ဦးစားပေးထားရမယ်။ အလာဗတ်စ်ရဲ့ လက်ရှိအဝေးကွင်းခြေစွမ်းကလည်း အားရစရာ မရှိပါဘူး။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

■ ဘက်တစ် နှင့် အယ်လ်ချီ (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

ဘက်တစ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်နဲ့ အိမ်ကွင်းမှာ အနိုင်ရရေးအားထုတ်လာမှုကို အယ်လ်ချီ တောင့်ခံနိုင်ဖို့ သိပ်မလွယ်ဘူး။ အစဉ်အလာတွေအရလည်း ဘက်တစ်က အသာရတာများလေ့ရှိလို့ ဒီပွဲလည်း ဘက်တစ်နဲ့ ဂိုးအများပဲရွေးထားမယ်။

■ ဗီလာရီးယဲလ် နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၂းဝ၀ နာရီ)

ဗီလာရီးယဲလ်က ခုချိန်မှာ ချန်ပီယံလိဂ်ဘက်ကို ပိုအာရုံ ရောက်နေမယ့်အချိန်မျိုးဖြစ်နေတယ်။ ဒါပေမဲ့ ဒီပွဲက ဗလင်စီယန်ဒါဘီပွဲဖြစ်နေတဲ့အပြင် ချန်ပီယံလိဂ်ပွဲနဲ့လည်း နည်းနည်း ဝေးနေသေးတဲ့အချိန်ဖြစ်လို့ ဗီလာရီးယဲလ် ပုံမှန်အားထုတ်မှုမျိုးနဲ့ ဗလင်စီယာကို ရင်ဆိုင်လာဖို့များနေတယ်။ ဗလင်စီယာကလည်း တည်ငြိမ်တဲ့ခြေစွမ်းမျိုးပြနေပြီး  ခံစစ်ကိုကျစ်လျစ်အောင် ကစားရင်းအမှတ်တွေရအောင် ယူပြနေတာတွေ့ရတယ်။ ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲ ထင်နေမိတယ်။

Most Read

Most Recent