အိုးလ်ထရက်ဖို့ဒ်ကွင်းကို နောက်ထပ် ပရိသတ် (၁၅၀၀၀) ဝင်ဆံ့ရန် မန်ယူအသင်း စီစဉ်နေပြီး ပရိသတ် (၈၈၀၀၀) ဆံ့ကွင်းဖြစ်လာမည်

အိုးလ်ထရက်ဖို့ဒ်ကွင်းကို နောက်ထပ် ပရိသတ် (၁၅၀၀၀) ဝင်ဆံ့ရန် မန်ယူအသင်း စီစဉ်နေပြီး ပရိသတ် (၈၈၀၀၀) ဆံ့ကွင်းဖြစ်လာမည်
Photo: Daily Mail
Photo: Daily Mail
Published 19 April 2022

မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်းကို နောက်ထပ် ပရိသတ် (၁၅၀၀၀) ဝင်ဆံ့သည့် ကွင်းအဖြစ် တိုးချဲ့ရန် စီစဉ်နေပြီး စီမံကိန်းပြီးပါက ပရိသတ် (၈၈၀၀၀)ဆံ့ ကွင်းဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ကွင်းတို့ချဲ့မှု စီမံကိန်းအတွက် ပေါင်သန်း (၂၀၀) အထိ သုံးစွဲသွားမည်ဖြစ်ပြီး တစ်ပွဲချင်း ဝင်ငွေတိုးမြင့်မှုမှာ များစွာမြင့်တက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စီမံကိန်းပြီးဆုံးချိန်၌ အင်္ဂလန် တစ်နိုင်ငံလုံးတွင် ဝင်ဘလေကွင်းအပြီး ကွင်းအတွင်း ပရိသတ်ဝင်ဆံ့မှု အများဆုံးကွင်းဖြစ်လာမည်ဟုလည်း သိရှိရသည်။

မန်ယူအသင်းသည် ယခုအချိန်တွင် တစ်ရာသီစာလက်မှတ်အတွက် စောင့်ဆိုင်းသူ ဦးရေမှာပင် သိန်းချီရှိနေသည့်အတွက် ကွင်းတိုးချဲ့မှု စီမံကိန်းကို အမြန်ဆုံးစတင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ဘဏ်ချေးငွေဖြင့်သာ ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

မန်ယူအသင်းသည် ၂၀၂၁ ဘဏ္ဍာရေးစာရင်းများအရ အသင်း၏ ကြွေးမြီပမာဏမှာ ပေါင် (၄၉၅)သန်းအထိ ရှိနေရာ ကွင်းတိုးချဲ့မှု စီမံကိန်းအတွက် နောက်ထပ် ပေါင်သန်း (၂၀၀)ချေးယူမည်ဆိုပါက ပေါင်သန်း (၇၀၀) ဝန်းကျင်ရှိလာမည်ဖြစ်သည်။ 

Most Read

Most Recent