နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် ပြည်တွင်း ပြည်ပ Check in အချိန်များကို အသိပေးချက်ထုတ် ပြန်ခဲ့ကြောင်း ယင်းလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် Check-in Counter ကို လေယာဉ်မထွက်မီနှစ်နာရီအလိုတွင် ဖွင့်လှစ်ပေးထားပြီး လေယာဉ် မထွက်ခင် မိနစ် ၃၀ အလိုတွေ Check-in Counter ပိတ်သည့်အတွက် စောစီးစွာလာရောက်ကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။
ပြည်ပခရီးစဉ်များအတွက် လေယာဉ် မထွက်မီ သုံးနာရီအလိုတွင် Check-in Counter ကိုဖွင့်လှစ်ပေးထားပြီး ၄၅မိနစ် အလိုတွင် Check-in Counter ပိတ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ရှိ Check-in Counter သည် လေယာဉ်မထွက်ခင် မိနစ် ၆၀ အလိုတွင် ပိတ်သည့်အတွက် ခရီးသည်များအနေနှင့် လေယာဉ်မထွက်ခင်နှစ်နာရီ အတွင်း၌ Check-in ပြုလုပ်ခြင်းကို အပြီးပြု လုပ်ထားရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက အသိပေးချက် ထုတ်ပြန်ထားသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအနေဖြင့် တန်ဖိုးကြီး ပစ္စည်းများကို Check Baggage တွင် သယ်ဆောင်ခြင်းမပြုဘဲ Hand Carry တွင် ထည့်ပြီး တစ်ပါတည်း ယူဆောင်သွားရန် အသိပေး ချက်ထုတ်ပြန်ထားသည်။
မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်တွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် ငွေသား၊ ပန်ချီကား၊ လက်ဝတ်ရတနာ၊ ကင်မရာ၊ ဖုန်းနှင့် ဖုန်းအားသွင်းသည့် power bank၊ ကွန်ပြူတာအစရှိသော ပျက်စီးလွယ် သည့် အရာများနှင့်အရေးကြီးစာရွက်စာတမ်းများအား Check Baggage တွင်သယ် ဆောင်ခြင်းမပြုရန် အသိပေးချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဧပြီ ၁ရက် မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန် နှင့် Quarantine ဝင်ရန်မလိုအပ်တော့ ကြောင်း သတင်းရရှိသည်။
ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ် ပျံသန်းနေသည့် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် အခြားသတိပြုရန် အချက်များဖြစ်သည့် ခရီးစဉ်ထွက်ခွာချိန်မတိုင်မီ နှစ်ရက်အတွင်း စစ်ဆေးထားသော PCR သို့မဟုတ် ARTT Test Result ပြသရန် လိုအပ် ပြီး ခရီးစဉ်ထွက်ခွာချိန်မတိုင်မီ သုံးရက်အတွင်း Singapore Arrival Card အား အွန်လိုင်းမှတစ်ဆင့် ဖြည့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း နှစ်ခုဖြစ်သည့် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) တို့ ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား ပျံသန်းနေခြင်းဖြစ် သည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့်အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီး သွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့် သတ်ချက်များအားလုံးကို ၂၀၂၂ခုနှစ် မတ် ၃၁ ရက်အထိတိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချော မွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့် အစီအစဉ်အား ဧပြီ ၁၆ ရက်ထိသတ်မှတ်ပြီး ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။















