အတူနေထိုင်သူအချို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရ 

အတူနေထိုင်သူအချို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရ 
Published 28 March 2022

အတူနေထိုင်သူအချို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။ 

ယနေ့(မတ် ၂၈ ရက်)တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ 

ယနေ့ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည် ရာဇဝတ်ကြီးအမှုအမှတ်-၂ အပါအဝင် အဂတိမှု ငါး မှုအား ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်သော်လည်း အတူနေထိုင်သူအချို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရသောကြောင့် ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရသည့်အတွက် မတ် ၂၉ ရက်နှင့် မတ် ၃၀ ရက်များတွင် ချိန်းဆိုထားသည့် ရုံးချိန်းများကိုလည်း ရွေ့ဆိုင်းလိုက်ကြောင်းနှင့် ယနေ့ ရုံးချိန်းသို့ သမ္မတဟောင်း ဦးဝင်းမြင့်သည် Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။ 

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားသည့် အမှုများအား အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် ရုံးချိန်းခေါ်ယူ၍ ၎င်းတို့အား ရုံတော်ရှေ့မှောက်၌ ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

 

Most Read

Most Recent