နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေကို လက်ခံပြီးနောက်­အိန္ဒိယရူပီးငွေကို အသုံးပြုရန် မြန်မာနိုင်ငံက စဉ်းစားနေ

နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေကို လက်ခံပြီးနောက်­အိန္ဒိယရူပီးငွေကို အသုံးပြုရန် မြန်မာနိုင်ငံက စဉ်းစားနေ
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ  နန်းဖာလုံစျေးတစ်နေရာကိုတွေ့ရစဉ်
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ  နန်းဖာလုံစျေးတစ်နေရာကိုတွေ့ရစဉ်
Published 15 March 2022
Ref: Reuters

နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေကို လက်ခံပြီးနောက်­အိန္ဒိယရူပီးငွေကို အသုံးပြုရန် မြန်မာနိုင်ငံက စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

နယ်စပ်ကုန်သွယ်ရေး၌ ငွေလွှဲပြောင်းမှုပြဿနာကို ဖြေရှင်းခဲ့ပြီးနောက် အလားတူကိစ္စအတွက် အလားတူအစီအစဉ်ဖြင့် အိန္ဒိယရူပီးငွေကိုလည်း အသုံးပြုရန် စဉ်းစားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရားဝင်ငွေကြေးလဲလှယ်ရေးအဖြစ်  တရုတ်ငွေကြေးကိုလည်း လက်ခံပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၏ နစကအစိုးရက ပြောကြားခဲ့ပြီဖြစ်သည်။

“အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကို လျှော့ချခြင်းအားဖြင့် ပြင်ပထဝီနိုင်ငံရေး အကြောင်းခြင်းရာတွေကြောင့် ငွေလဲလှယ်နှုန်း ရုတ်တရက်ပြောင်းလဲတဲ့အန္တရာယ်ကို  ကျွန်တော်တို့ လျှော့ချနိုင်ပါလိမ့်မယ်” ဟု အဆိုပါဝန်ကြီးဌာနများက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။ ၎င်းအပြင်  ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဒေါ်လာငွေကြေးအား အလေးထားမှုကြောင့် ဖြစ်ပွားသော ငွေကြေးဖောင်းပွမှုကို လျှော့ချရာတွင်လည်း အထောက်အကူပြုနိုင်လိမ့်မည်ဟုလည်း ဆိုသည်။

ယင်းကဲ့သို့ စီစဉ်မှုများသည် စီးပွားရေးပြန်လည်နာလန်ထရေးကိုလည်း အထောက်အကူပြုလိမ့်မည်ဟု ၎င်းင်းဝန်ကြီးဌာနများက  ပြောကြားခဲ့သည်။ စွမ်းအင်စျေးနှုန်းများ မြင့်တက်ခဲ့သည့်တိုင် မြန်မာနိုင်ငံသည် အောက်တိုဘာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည့်ဘဏ္ဍာရေးနှစ်အတွင်း GDP ကြီးထွားမှုနှင့်ပတ်သက်၍ စံချိန်တင်လောက်အောင် လိုက်လျောညီထွေအဖြစ်ဆုံးပြုနိုင်လိမ့်မည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်အကြာက နိုင်ငံတော်အာဏာကို နစကအစိုးရက ရယူခဲ့ပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးမှာ ကျဆင်း၍ လာခဲ့သည်။ လွန်ခဲ့သည့်နှစ်က ငွေလဲလှယ်နှုန်းများ ကျဆင်းခဲ့ပြီးနောက် ဒေါ်လာအပေါ် တွက်ချက်သည့် ကျပ်ငွေလဲနှုန်းကို ထိန်းထားနိုင်ရန် မြန်မာဗဟိုဘဏ်အနေဖြင့် ရုန်းကန်ခဲ့ရသည်။

ဘဏ်စနစ်နှင့် ဘဏ္ဍာရေးစနစ်များ၌  မယုံကြည်မှုများဖြစ်ပေါ်အောင် လှုံ့ဆော်ကြိုးပမ်းသည့် အတိုက်အခံများကို အဆိုပါဝန်ကြီးဌာနများ၏ထုတ်ပြန်ချက်များ၌ စွပ်စွဲပြောကြားထားပြီး လွန်ခဲ့သည့်နှစ်က ကျပ်ငွေချည့်နဲ့သွားခြင်းမှာ စီးပွားရေးဆိုင်ရာအဖျက်အမှောင့် ပြုလုပ်မှုကြောင့်ဟုလည်း စွပ်စွဲပြောကြားခဲ့သည်။

ထိုင်းနယ်စပ်တစ်လျှောက် မြန်မာနှင့် ဆက်ဆံရေးအတွက် မှတ်ပုံတင်ထားသော  ကုန်သည်များအနေဖြင့်  မြန်မာဗဟိုဘဏ်က  နေ့စဉ်ကြေညာသည့် ကျပ်-ဘတ်လဲလှယ်နှုန်းအပေါ် အခြေခံလျက် ယခုလမှစ၍ ကုန် သွယ်ရေးကို ဆောင်ရွက်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ယင်းကိစ္စတို့နှင့်ပတ်သက်၍ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ အာဏာပိုင်များထံ ရိုက်တာသတင်းဌာနက မှတ်ချက်တောင်းခံခဲ့သော်လည်း ယခုတိုင် တု့့့ံပြန်ခြင်းမရှိသေးပေ။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏နောက်မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်း-မြန်မာကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံရှိကြောင်း အဆိုပါထုတ်ပြန်ချက်က ပြောကြားထားသည်။

ထိုင်း-မြန်မာကုန်သွယ်ရေး၌ မြန်မာနိုင်ငံ၏အဓိကပို့ကုန်များတွင် သဘာဝဓာတ်ငွေ့၊ သတ္တုများ၊ ပဲမျိုးစုံနှင့် အဝတ်အထည်တို့ပါဝင်ပြီး ထိုင်းနိုင်ငံမှ အဓိကသွင်းကုန်များတွင် စက်ကိရိယာအမျိုးမျိုး၊ သယ်ယူပို့ဆောင် ရေးကိရိယာများနှင့် ထုတ်လုပ်ရေးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။