ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ အဂတိဖြင့်တရားစွဲဆိုခံရပြီး စွဲချက်တင်ထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေအဖြစ်ထွက်ဆို

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ အဂတိဖြင့်တရားစွဲဆိုခံရပြီး စွဲချက်တင်ထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေအဖြစ်ထွက်ဆို
Published 14 March 2022

ဒေါ်​အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများပေးခဲ့ရသည်ဆိုသော ဦးဖြိုးမင်းသိန်း၏ထွက်ဆိုချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ပြီး စွဲချက်တင်ထားသည့်အမှုအတွက် ​ စွပ်စွဲခံရသူ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုခဲ့ကြောင်း အဆိုပါအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

နေပြည်​တော်​ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် မတ် ၁၄ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်​ဆေးခဲ့ပြီး ၎င်းကိုယ်တိုင်ခံပြသက်သေအဖြစ် ထွက်ဆိုခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် မတ် ၇ ရက် ရုံးချိန်းတွင် အထက်ပါအမှုနှင့်ပတ်သက်၍ ပြန်​ခေါ်သက်​သေများအဖြစ် တင်ပြထားသည့် ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ​​ဒေါ်ခင်မိမိကြွယ်၊ ဦးရဲထက်၊ ဦး​​မောင်မောင်ကြည်တို့အား စွပ်စွဲခံရသူ၏​ရှေ့နေများက ပြန်လှန်စစ်မေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​​ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများပေးခဲ့သည်ဆို​သော ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များပါဝင်သည့် ရုပ်သံဖိုင်အား နစက၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းက ရုံးတော်သို့ လာရောက်၍ ထွက်ဆိုရာတွင် ရုပ်သံဖိုင်ပါ အချက်အလက်များအတိုင်း ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာနှင့်ရွှေများပေးခဲ့သည်ဟု ထွက်ဆိုခဲ့ကာ​ ယင်းသို့ထွက်ဆိုချက်များသည် မဟုတ်မဟတ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က All Absurd ဟု သုံးနှုန်းကာ အောက်တိုဘာ ၄ ရက်ရုံးချိန်းတွင် တုံ့ပြန်ခဲ့သည်။

Most Read

Most Recent