မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ်တိုက်ရိုက်ပေးချေမှုကို မတ် ၂၁ ရက်မှစ၍ သုံးလစမ်းသပ်ဆောင်ရွက်မည်

မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ်တိုက်ရိုက်ပေးချေမှုကို မတ် ၂၁ ရက်မှစ၍ သုံးလစမ်းသပ်ဆောင်ရွက်မည်
မန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
မန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
Published 11 March 2022

မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုကို မတ် ၂၁ ရက်စတင်၍ သုံးလစမ်း သပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၀ ရက်က ပြုလုပ်သည့် ထိုင်း-မြန်မာနှစ် နိုင်ငံနယ်စပ် ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းညှိနှိုင်းအစည်းအဝေးပွဲ မှ သိရသည်။

နှစ်နိုင်ငံနယ်စပ်များဖြစ်ကြသည့် မြဝတီနှင့်  တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးကိစ္စ၊ စမ်းသပ်ကာလ (Piolot Preiod) အဖြစ် မတ်လ ၂၁ ရက်မှ စတင်၍ သုံးလ ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြေပြင်တွင် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ စေရေးအတွက် အထောက်ကူပြုအဖွဲ့ ဖွဲ့စည်းရေး၊ ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရေးဆိုင်ရာ လမ်းညွှန်ချက် (Guidling) ရှင်းလင်းခြင်းအစီအစဉ်များကို  မတ်လတတိ ယအပတ်အတွင်း စီစဉ်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။

ဘတ်/ကျပ်  စျေးကွက် ငွေလဲလှယ်နှုန်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့ လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ်မှုဆိုင်ရာ သတင်း အချက်အလက်များအား သတင်း ပေးပို့တင်ပြပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေနိုင် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ် ၃ ရက်က ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်သည်။

နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်၊ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချော မွေ့စေရန်တို့အပြင် ASEAN Financial Integration ၏ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူ များ၏ ဘတ်စာရင်းကို ဘတ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေမှု ဆောင်ရွက်ခွင့်ရသည့် ဘဏ် (Designated Bank)များတွင် ဖွင့် လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Designated Bank များအနေဖြင့် နှစ် နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်၊ကျပ် တိုက် ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင် ရာ လမ်းညွှန်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ နှင့် နှစ်စဉ်ကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၃၅ ဘီလျံဝန်းကျင်ရှိပြီး နယ်စပ်ကုန် သွယ်မှုသည် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့် ကုန်သွယ်မှုဆောင် ရွက်နေခြင်းဖြစ်ပြီး မြဝတီနယ်စပ်ကုန်သွယ် ရေးစခန်းမှာ ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိ (Ming Budget) ငါးလတွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ နှစ်ဘီလျံကျော်ရှိပြီး ယင်းအနက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ဒေါ်လာ တစ်ဘီလျံကျော် (ရာခိုင်နှုန်း ၅၀ ခန့်)အထိ ဆောင်ရွက်ထားခြင်း ဖြစ်သည်။

 

 

Most Read

Most Recent