ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ပြန်​ခေါ်သက်​သေ ဦးဖြိုးမင်းသိန်းအပါအဝင် ​လေးဦးအား ပြန်လှန်စစ်​​မေး

ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ပြန်​ခေါ်သက်​သေ ဦးဖြိုးမင်းသိန်းအပါအဝင် ​လေးဦးအား ပြန်လှန်စစ်​​မေး
Published 7 March 2022

ဒေါ်​အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ပြန်​ခေါ်သက်​သေများဖြစ်သည့် ဦးဖြိုးမင်းသိန်းအပါအဝင် ​လေးဦးအား စစ်​ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​နေပြည်တော်​ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် မတ် ၇ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်အား ရုံးထုတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ဒေါ်​အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှ ရွှေနှင့် ဒေါ်လာများပေးခဲ့ရသည်ဆိုသော ထွက်ဆိုချက်အရ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၂)အတွက်  ပြီးခဲ့သည့်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သဖြင့် စွပ်စွဲခံသူများဘက်မှ ပြန်​ခေါ်သက်​သေများအဖြစ် ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ​​ဒေါ်ခင်မိမိကြွယ်အပါအဝင် ​လေးဦးအား တင်ပြခဲ့ခြင်းဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

မတ် ၇ ရက်ရုံးချိန်းတွင် ပြန်​ခေါ်သက်​သေများအဖြစ် တင်ပြထားသည့် ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ​​ဒေါ်ခင်မိမိကြယ် ဦးရဲထက်၊ ဦး​​မောင်​မောင်ကြည်တို့အား စွပ်စွဲခံရသူ၏​ရှေ့့​နေများက ပြန်လှန်စစ်မေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင် အပတ်စဉ်တနင်္လာတိုင်း ဒေါ်အောင်ဆန်းစုကြည် အဂတိဖြင့်စွဲဆိုထားသည့်အမှုများတွင် ၎င်းတစ်ဦးတည်းအား သီးခြားစစ်ဆေးရန် သတ်မှတ်ထားသော်လည်း မတ် ၇ ရက်ရုံးချိန်းတွင် ကျန်အဂတိအမှုများဖြစ်သည့် နေပြည်​တော်တွင် ဒေါ်ခင်ကြည်​ဖောင်းဒေးရှင်းအတွက် မြေကွက်များရယူမှု၊ ရန်ကုန်မြို့တွင် ဒေါ်ခင်ကြည်​ဖောင်ဒေးရှင်းရုံးချုပ်မြေနေရာနှင့်အဆောက်အဦး ငှားရမ်းမှု၊ နေပြည်တော်လရောင်​တောတွင် တစ်ထပ်အ​​ဆောက်အဦးဆောက်လုပ်မှုတို့နှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် အမှုများကို စစ်​ဆေးခဲ့​ခြင်းမရှိ​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အထက်ပါအမှုများအား မတ် ၁၄ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent