■ အာဆင်နယ်ရဲ့ ဘဏ္ဍာရေး စာရင်းရှင်းတမ်း

■ အာဆင်နယ်ရဲ့ ဘဏ္ဍာရေး စာရင်းရှင်းတမ်း
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 4 March 2022
Chan Myae

အာဆင်နယ်အသင်းက သူတို့အသင်းရဲ့ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ အရှုံးပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အခွန်ဆောင်ပြီး အရှုံးငွေပမာဏဟာ ပေါင် (၁၀၇.၃)သန်းတောင် ရှိခဲ့တယ်။ ဒီအရှုံးငွေပမာဏက ၂၀၁၉-၂၀ ရာသီတုန်းက ရှုံးခဲ့တဲ့ ပေါင် (၄၈)သန်းကျော်ထက် နှစ်ဆကျော် ပိုများနေခဲ့တယ်။ ဒီလိုဖြစ်ခဲ့ခြင်းအတွက် အဓိကပြောစရာရှိတာကတော့ ကိုဗစ်ရိုက်ခတ်မှုဖြစ်ပြီး ကွင်းပိတ်ကစားရတဲ့ပွဲတွေများခဲ့တာက အသင်းရဲ့ဘဏ္ဍာရေးကို တိုက်ရိုက်ထိုးနှက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေ မေးစရာမေးခွန်းတွေလည်း ပေါ်လာခဲ့တယ်။ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် ကရွန်ကီအနေနဲ့ ကလပ်အသင်းကို ဘယ်လိုထောက်ပံ့မှုတွေ ပေးဦးမလဲ။ ဘာကြောင့် အာဆင်နယ်အသင်းရဲ့ လက်မှတ်စျေးနှုန်းတွေ မြင့်တက်ခဲ့ရတာလဲ။ သူတို့ ဥရောပစူပါလိဂ်ကို ဝင်ဖို့အတွက်ရည်ရွယ်ခဲ့တာ ဒီလို ငွေကြေးပြဿနာတွေကြောင့်လား။ ပြီးတော့ လာမယ့် ဘဏ္ဍာရေးနှစ်မှာရော ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာပဲ။ 

 

Most Read

Most Recent