စားအုန်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ စျေးနှုန်းမြင့်တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နီးပါးအထိ ရောက်ရှိကာ အချို့ဆိုင်များတွင် ရောင်းချနိုင်ခြင်းမရှိ

စားအုန်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ စျေးနှုန်းမြင့်တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နီးပါးအထိ ရောက်ရှိကာ အချို့ဆိုင်များတွင် ရောင်းချနိုင်ခြင်းမရှိ
Published 4 March 2022
ဇော်မင်းနိုင်

စားအုန်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ စျေးနှုန်းမြင့်တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နီးပါးအထိ ရောက်ရှိကာ အချို့ဆိုင်များတွင် ရောင်းချနိုင်ခြင်းမရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

မတ်လမှ စတင်ပြီး စားအုန်းဆီစျေးနှုန်း မှာ တစ်ပိဿာလျှင် ကျပ် ခြောက်ထောင်ကျော် သို့ ရောက်ရှိလာခဲ့ကာ မတ် ၃ ရက်တွင် ကျပ် ၇၀၀၀ သို့လည်းကောင်း၊ မတ် ၄ ရက်တွင် တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နီးပါးခန့်သို့လည်း ကောင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စံချိန်တင် ရောက်ရှိခဲ့သော်လည်း မြို့နယ်အချို့ရှိ စားသောက်ကုန်ရောင်းချသည့် ဆိုင်များတွင် စားအုန်းဆီရောင်းချနိုင်ခြင်းမရှိဘဲ အရောင်းပိတ်ထားရကြောင်း သိရသည်။

“စျေးကတော့ ဆက်တိုက်ကိုတက်နေ တာ။ ဒါတောင် ဆီက လိုသလောက်မရဘူး။  လက်ကားရောင်းတဲ့ဆိုင်တွေမှာလည်း ဆီ ပြတ်သွားတော့ ကျွန်တော်တို့က ဘယ်လိုမှ ရောင်းလို့မရတော့ဘူး။ စျေးကလည်း ဒီနေ့ ရောင်းစျေးက ညနေစျေးနဲ့တောင် မတူဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ် တစ်ခု၏ စျေးတွင် ဆီရောင်းချနေသူတစ်ဦးက ပြောကြားသည်။

စားအုန်းဆီစျေးနှုန်းများ မြင့်တက်သကဲ့ သို့ ဟင်းသီးဟင်းရွက်ဆီအချို့လည်း စျေးနှုန်း များမြင့်တက်နေကြောင်း၊ ဟင်းသီးဟင်းရွက် ဆီများမှာလည်း တစ်ပိဿာလျှင် ကျပ် ခုနစ် ထောင်ကျော်သို့ ရောက်ရှိနေကြောင်း၊ အခြား ဆီများဖြစ်သည့် နေကြာဆီ၊ ပဲဆီများမှာမူ စျေးနှုန်းသိသိသာသာ မြင့်တက်ခြင်းမရှိသေး ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“လူသုံးများတာက အရပ်ခေါ် အကြော် ခံဆီလို့ပြောတဲ့ စားအုန်းဆီပေါ့။ ဒီကောင်က စျေးသိသိသာသာတက်တယ်။ တခြားဟင်းသီး ဟင်းရွက်ဆီတွေလည်း တက်တယ်။ တက်တာ ကတော့ သိသိသာသာတက်တာ။ အရင်က သုံးထောင်လေးထောင်လောက်ပဲရှိတယ်။ ဒေါ်လာစျေးတက်လို့ဆိုပြီး တက်တုန်းကတော့ တက်တယ်။ ဒါပေမဲ့ ငါးထောင်မကျော်ဘူး။ အခုက ခုနစ်ထောင်ကျော်၊ ရှစ်ထောင်နီးပါး ဖြစ်သွားတာ။ ဆီဆိုင်တွေက လိုသလောက် ဝယ်မရတာ နှစ်ပတ်လောက်ရှိသွားပြီ။ အဲဒီ နောက်ပိုင်း စျေးတက်လာတာပဲ” ဟု ရန်ကုန် တိုင်းဒေသကြီးတွင် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်း ချနေသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ စားအုန်းဆီနှင့် ဟင်းသီးဟင်း ရွက်ဆီအချို့ စျေးတက်လာသော်လည်း မြေပဲ ဆီနှင့် နေကြာဆီစျေးများမှာမူ သိသိသာသာ မြင့်တက်ခြင်းမရှိကြောင်း ၎င်းင်းက ဆက်လက် ပြောကြားသည်။

“အမေထွားတို့ ဘာတို့ဆို သိပ်မတက် သေးဘူး။ ဟိုဆီတွေ သုံးထောင်လောက်ရှိတုန်း ကလည်း သူတို့က ကိုးထောင်၊ တစ်သောင်း ဝန်းကျင်ပဲရှိတယ်။ အခု အဲဒီကောင်တွေက စျေးခုန်တက်ပေမဲ့ မြေပဲဆီနဲ့ နေကြာဆီတွေ ကတော့ စျေးသိသိသာသာမတက်ဘူး။ အများ ဆုံးတက်လာတာက ငါးရာ၊ တစ်ထောင်ပဲရှိ တယ်။ ဟိုဆီတွေကတော့ ခုန်တက်သွားတာ” ဟု အဆိုပါကုန်စုံဆိုင်ပိုင်ရှင်က ဆက်လက် ပြောကြားသည်။

Most Read

Most Recent