၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၃၀၇၄ ဒသမ ၉၂၅ ဘီလျံရရှိရန် ခန့်မှန်းထား

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၃၀၇၄ ဒသမ ၉၂၅ ဘီလျံရရှိရန် ခန့်မှန်းထား
ပြည်ထောင်စု၏အခွန်ကောက်ခံရရှိမှု အခြေအနေကို တွေ့ရစဉ်(ဓာတ်ပုံ-ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)
ပြည်ထောင်စု၏အခွန်ကောက်ခံရရှိမှု အခြေအနေကို တွေ့ရစဉ်(ဓာတ်ပုံ-ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)
Published 4 March 2022

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၃၀၇၄ ဒသမ ၉၂၅ ဘီလျံရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အောက်တို ဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ အရ သိရသည်။

ပြည်ထောင်စု၏ အခွန်အကောက်ရငွေ နှင့် GDP အချိုးမှာ ၄ ဒသမ ၁၁ ရာခိုင်နှုန်း ဟု ခန့်မှန်းထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ် ကောက်ခံရရှိမှုစုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန (IRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။        

နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆  ဒသမ ၈၃၂  သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ၅၆၈ သန်း ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၈၄၇၅၆၆၇ ဒသမ ၇၄၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၈၆၁၅၇၇၇ ဒသမ ၂၂၉ သန်းရရှိရန် လျာထားခဲ့သည်။

နှစ်စဉ်ဝင်ငွေခွန်ရ ငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၃၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူ နစ်မှ ထုတ်ပြန်ထားသည်။

နှစ်စဉ်အထူးကုန်စည်ခွန်ရငွေ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ မှ စက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂  ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ မှ စက်တင်ဘာအထိ  ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီ မှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရငွေ စာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ မှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ မှ မတ် လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊ ၂၀၁၈ ခုနှစ် ဧပြီ မှ စက်တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလ အထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ မှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း  ပြည်တွင်းအခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန် ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း (၂၀၁၉ ခုနှစ် အောက်တိုဘာ မှ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၉၆၉ ဒသမ ၃၉၇ ဘီလျံ ကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန် များဦးစီးဌာနမှကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၄၇၃ ဒသမ ၆၈၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၂၂၇ ဒသမ ၉၆၄ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၄၈ ဒသမ ၅၄၁ ဘီလျံ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်မှ ကျပ် ၈၅ ဒသမ ၄၀၇ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၆၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

 

 

Most Read

Most Recent