ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ကုန်စည် ၁၄၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် မတ် ၂ ရက်မှစ၍ ထပ်တိုးသတ်မှတ်

ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ကုန်စည် ၁၄၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် မတ် ၂ ရက်မှစ၍ ထပ်တိုးသတ်မှတ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 3 March 2022

ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်း ပစ္စည်းများ ပါဝင်သည့် ကုန်စည် ၁၄၁ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် မတ် ၂ ရက် မှစ၍ ထပ်တိုးသတ်မှတ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၂/၂၀၂၂)ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသည့်ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ထိန်းညှိဆောင် ရွက်နိုင်ရန်အတွက် ကုန်စည်လိုင်းအချို့အား သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းအဖြစ် သတ်မှတ်ထုတ်ပြန်ရာတွင် ပထမအဆင့်အဖြစ် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများ ကို ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ(၁၈ /၂၀၂၁)ဖြင့်  Hs Code 10 Digit အရ ကုန်စည်လိုင်း ၃၀၇၀ လိုင်းကို လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့်  ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ (၁/၂၀၂၂) ဖြင့် စားသောက်ကုန်အချို့၊ ပလတ်စတစ်အခြေခံ တစ်ဝက်တစ်ပျက်ကုန် ချောပစ္စည်းနှင့်အိမ်သုံးပစ္စည်းအချို့၊ သစ်သားပျော့ဖတ်၊ ပိုးချည်၊ ၀ါချည်၊ ကော်ဇောကဲ့ သို့သောကြမ်းခင်းများ၊ ချည်ထည်ပစ္စည်း၊ ဖန်ထည်ပစ္စည်းမျိုးမျိုး၊ စက်ဘီးနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ပါဝင်သည့် 2017 Customs Tariff of Myanmar အရ Hs. Code 6 Digit ဖြင့် ကုန်စည် ၄၅၁ လိုင်း သို့မဟုတ် Hs Code 10 Digit ဖြင့် ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထား ရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် မတ် ၁ ရက်မှ စ တင်၍ သတ်မှတ်လိုက်ကြောင်း အသီးသီးထုတ်ပြန်ထားသည်။

လက်ရှိတွင် ထပ်မံ၍ ဂျုံစေ့နှင့်ပလတ် စတစ်ကုန်ကြမ်း ပစ္စည်းများပါဝင်သည့် ပူးတွဲ ပါ 2017 Customs Tariff of Myanmar  အရ  Hs. Code 6 Digit ဖြင့် ကုန်စည် ၅၇ လိုင်း သို့မဟုတ် Hs Code 10 Digit ဖြင့် ကုန်စည် ၁၄၁ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများ အဖြစ် ၂၀၂၂ ခုနှစ် မတ် ၂ ရက်မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်သည်။

သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာ စာအမှတ် ၆၈/၂၀၂၀ အရသွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော Hs Code 10 Digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်း၊ ပို့ကုန် သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသော Hs Code 10 Digit ဖြင့် ကုန်စည်လိုင်း ၃၀၇၀ လိုင်း၊ သတင်းလွှာ (၁/၂၀၂၂) ဖြင့် ထုတ်ပြန် ထားသော Hs Code 10 Digit ဖြင့် ကုန်စည် ၈၂၆ လိုင်းအပါအဝင်ပူးတွဲပါ Hs. Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင် လျှောက်ထားရန်လို အပ်သော ကုန်စည်လိုင်းများဖြစ်ကြောင်း နှင့် အထက်အပိုဒ် ၂ ပါ လိုင်စင်လျှောက်ထား ရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှပင်လယ်ရေ ကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ ခုနှစ် မတ် ၂ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ သွင်းကုန်လိုင်စင်လျှောက် ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော အထက်အပိုဒ်(၃)ပါ ကုန်စည်စာရင်း အား ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသွင်းကုန် တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင် သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent