ရီးယဲလ်-PSG  ပွဲအတွက် လက်မှတ်များရောင်းကုန်

ရီးယဲလ်-PSG  ပွဲအတွက် လက်မှတ်များရောင်းကုန်
Photo: Madrid Xtra
Photo: Madrid Xtra
Published 3 March 2022

လာမည့်မတ်လ (၉)ရက်တွင်ကစားမည့် ရီးယဲလ်နှင့် PSG အသင်းတို့၏ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အတွက် လက်မှတ်များ အကုန်အစင်ရောင်းကုန်ခဲ့ပြီဖြစ်သည်။

အဆိုပါပွဲအတွက် လက်မှတ်စျေးနှုန်းများအား ယူရို(၁၀၀) မှ (၄၁၀)ယူရိုအထိ သတ်မှတ်ထားသော်လည်း အရောင်းသွက်ခဲ့ပြီး ပွဲကစားမီရက်သတ္တပတ် (၁)ပတ်အလိုတွင် လက်မှတ်အားလုံးရောင်းကုန်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်းသည် ပြုပြင်မွမ်းမံနေဆဲဖြစ်ပြီး PSG နှင့်ပွဲတွင် ပရိသတ် (၆၀၀၀၀) ကြည့်ရှုခွင့်ရမည်ဖြစ်သည်။

ပထမအကျော့တွင် PSG အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။

Most Read

Most Recent