■ မူဒရစ်ကို ဇန်နဝါရီတွင် အငှားချရန် ချယ်လ်ဆီးအသင်း စီစဉ်

■ မူဒရစ်ကို ဇန်နဝါရီတွင် အငှားချရန် ချယ်လ်ဆီးအသင်း စီစဉ်
Photo: Sky Sports
Photo: Sky Sports
Published 20 September 2024

ချယ်လ်ဆီးအသင်းသည် ယူကရိန်းတောင်ပံကစားသမား မူဒရစ်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အငှားချရန် စီစဉ်နေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ၂၀၂၃ ဇန်နဝါရီတွင် အသက် (၂၃)နှစ်အရွယ်ရှိ မူဒရစ်ကို ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းမှာ Add-ons ကြေးများအပါအဝင် ယူရိုသန်း(၁၀၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် နေမာလက်သစ်ဟု ကျော်ကြားခဲ့သည့် မူဒရစ်သည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၆၂) ပွဲတွင် (၇) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် နေတို၊ ဆန်ချို၊ ဂျော်အိုဖေးလစ်တို့လို နာမည်ကျော် တိုက်စစ်ကစားသမားများကို ခေါ်ယူခဲ့ရာ မူဒရစ်အနေဖြင့် အသင်းတွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။ 

ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် အသင်းတွင် လက်ရှိအချိန်ထိ ခြေစွမ်းပြနိုင်ခြင်းမရှိသေးသည့် ယူကရိန်းတိုက်စစ်ကစားသမား မူဒရစ်အား လာမည့်ဇန်နဝါရီတွင် အငှားချရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မူဒရစ်အား ခေါ်ယူရန် ဘရိုက်တန်နည်းပြဟောင်း နည်းပြ ဒီဇယ်ဘီ ကိုင်တွယ်နေသည့် ပြင်သစ် မာဆေးလ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent