၂၀၂၁-၂၀၂၂ (Mini Budget) ဖေဖော်ဝါရီ ၁၈ ရက်အထိ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၆၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော်ပိုမိုရရှိ

၂၀၂၁-၂၀၂၂ (Mini Budget) ဖေဖော်ဝါရီ ၁၈ ရက်အထိ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၆၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော်ပိုမိုရရှိ
Published 2 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တို ဘာ ၈ ရက်မှ  ဖေဖော်ဝါရီ ၁၈ ရက်အထိ ကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၆၉ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူက  ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၅၄ ဒသမ ၂၈၅  သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို  နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ  ၁၈  ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ ဒသမ ၈၃၂ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာ ၃ ရက်အထိ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၂၄ သန်းကျော်ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် အဓိကတင်ပို့လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ  ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် ၅ ဒသမ ၃ သိန်းတင်ပို့မှုမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၂၄ ဒသမ ၁၁၄ သန်းရရှိခဲ့ကြောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်  အောက်တိုဘာမှ ၂၀၂၁ ခုနှစ် စက်တင်ဘာ  ၃ ရက်အထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၈ ဒသမ ၆၁ သန်းရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ရေချိုရေငန် ငါးပုစွန်ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၅၃၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ရေငန်ငါးဖမ်းလုပ်ငန်းမှ တန်ချိန် ၂၈၀၀ ကျော်ဖြင့် အများဆုံးထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်အထိ မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၁၀၅၅ ဒသမ ၆၆ တန်၊ အင်းလုပ်ငန်းမှ ၂၉၅ ဒသမ ၄၀ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၁၂၀ ဒသမ ၇၄ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၂၈၄၄ ဒသမ ၈၃ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၁၁၂၁ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၃၉ ဒသမ ၃၆ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၆၀ ဒသမ ၆၉ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၂၄၉ ဒသမ ၇၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။  ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း မွေးမြူရေးလုပ်ငန်းများမှ ၄၉၅ ဒသမ ၄၉ တန်၊ အင်းလုပ်ငန်းမှ ၁၂၂ ဒသမ ၇၄ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၅၁၃ ဒသမ ၄၂ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၁၄၄၉ ဒသမ ၈၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက မွေးမြူရေးလုပ်ငန်းများမှ ၁၁၃၀ ဒသမ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၄၁ ဒသမ ၀၂ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၅၃  ဒသမ ၇၉၅ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၁၅၂  ဒသမ ၁၄  တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ရရှိနေပြီး  ကျေးလက်နေပြည်သူများ၏ ၆၈ ရာခိုင်နှုန်းက ယင်းကဏ္ဍမှ ရရှိသောဝင်ငွေအပေါ် မှီခိုလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent