ရုရှား- ယူကရိန်း အရေးကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ မြင့်တက်လာပြီးနောက် ပြည်တွင်း စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေပြီး ရန်ကုန်စျေးကွက်တွင်  ၉၂ တစ်လီတာလျှင် ၁၇၄၅ ကျပ်သို့ ရောက်ရှိနေ

ရုရှား- ယူကရိန်း အရေးကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ မြင့်တက်လာပြီးနောက် ပြည်တွင်း စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေပြီး ရန်ကုန်စျေးကွက်တွင်  ၉၂ တစ်လီတာလျှင် ၁၇၄၅ ကျပ်သို့ ရောက်ရှိနေ
Published 28 February 2022

ရုရှား- ယူကရိန်းအရေးကြောင့် ကမ္ဘာ့ ရေနံစိမ်း စျေးနှုန်းများ မြင့်တက်လာပြီးနောက် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ မြင့်တက်နေပြီး ရန်ကုန်စျေးကွက်တွင်  ၉၂ တစ်လီတာ လျှင် ၁၇၄၅ ကျပ်သို့ ရောက်ရှိနေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ရန်ကုန်စက်သုံးဆီစျေးကွက်တွင် ဖေ ဖော်ဝါရီ ၂၈ ရက် ပေါက်စျေးအရ ၉၂ တစ်လီ တာလျှင် ၁၇၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၀၀ ကျပ်သို့လည်းကောင်း၊ ရိုးရိုးဒီဇယ်တစ် လီတာလျှင် ၁၇၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာလျှင် ၁၇၃၀ ကျပ်သို့လည်းကောင်း ရောက်ရှိနေကြောင်း သိရသည်။

“အရင်တည်းက စက်သုံးဆီစျေးက အမြင့်မှာပဲ ရှိနေတာ။ စစ်ပွဲဖြစ်တော့ပိုဆိုးတာ ပေါ့။ ကျွန်တော်တို့ဆိုရင် ဖုန်းဆက်မှပဲ ကားလိုက်ရဲတော့တယ်။ ဒါတောင် အသွားအပြန် မဟုတ်ဘူးဆိုရင် အသွားတစ်ကြောင်းကို အ ရင်စျေးထက် နည်းနည်းပိုယူမှ ကိုက်တယ်” ဟု အဌားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကျူး ကျော်တိုက်ခိုက်မှုမစတင်မီကပင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၁၇၁၅ ကျပ်ရှိခဲ့သည်။ အလားတူ ၉၅ တစ်လီ တာလျှင် ကျပ် ၁၇၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင် ၁၆၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ လျှင် ကျပ် ၁၇၀၀ တွင် ရှိခဲ့သည်။

စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေး နှုန်းမှာ ၉၂ တစ်လီ တာလျှင် ၁၇၅၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၁၀ ကျပ်သို့လည်းကောင်း၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၁၇၃၀ ကျပ်၊ ပရီမီ ယံဒီဇယ် တစ်လီတာလျှင် ၁၇၄၀ ကျပ်သို့ ရောက်ရှိခဲ့သည်။

ကမ္ဘာ့ ရေနံစိမ်း စျေးနှုန်းမှာ ရုရှားစစ်ပွဲ မစတင်မီက တစ်ပီပါလျှင် ဒေါ်လာ ၇၀ ကျော် ရှိခဲ့သော်လည်း စစ်ပွဲစတင်ပြီးတွင် ကမ္ဘာ့ ရေနံ စိမ်းစျေးနှုန်းမှာ တစ်ပီပါလျှင် ဒေါ်လာ ၁၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ဒေါ်လာ ၁၀၀ ကျော်တွင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲမဖြစ် ပေါ်မီက ၉၂ တစ်လီတာလျှင် ကျပ် ၆၂၀ ဝန်း ကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင် သာ ရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်အပြီး တစ်နှစ်နီးပါးခန့်အကြာတွင် စက်သုံးဆီစျေးနှုန်းမှာ များစွာမြင့်တက်လာ ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ် လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92  Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီ တာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ မြင့် တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ဧပြီလအတွင်း ရောက်ရှိခဲ့ သည့်စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ လျှင် ၉၂၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၉၃၀ ကျပ်၊ အောက် တိန်း ၉၂ တစ်လီ တာ ၉၂၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၁၀၀၅ ကျပ်သို့ ရောက် ရှိခဲ့ရာ ဖေဖော်ဝါရီလထက် ရာခိုင်နှုန်း ၃၀ ခန့်မြင့် တက်ခဲ့သည်။

Most Read

Most Recent