နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၉၃ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ၂၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဒေါ်လာ ၂၁ ဘီလျံကျော်ဖြင့် ဒုတိယအများဆုံးဖြစ်

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၉၃ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ၂၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဒေါ်လာ ၂၁ ဘီလျံကျော်ဖြင့် ဒုတိယအများဆုံးဖြစ်
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 28 February 2022

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၉၃ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဒေါ်လာ  ၂၁ ဘီလျံကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂  (Mini Budget) လေးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅၀၇ သန်းနီးပါး ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၇၅ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget) လေးလအတွင်း နိုင်ငံအလိုက် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၇၅ ဒသမ ၇၀၁ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ ၆၀၄ သန်း၊ တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ ပြင်သစ်နိုင်ငံက ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၅၅ ဒသမ ၀၈၈ သန်း၊ အိန္ဒိယက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁၀ သန်း၊ မလေးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄၄ ဒသမ ၇၁၀ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ နီပေါနိုင်ငံက ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၅၀၆ ဒသမ ၈၂၃ သန်းဝင်ရောက်ထားကြောင်း ထုတ်ပြန်ထားသည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က)ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ)သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ)စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ (ဆ)ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ်-၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းဝ၁-၆၅၈၁၃၂၊ ၀၉၂၀၁၃၈၂၁  email:dica@mptmail.net.mm နှင့် dica.ip.mm@gmail.com တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

Most Read

Most Recent