၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပြည်ပနိုင်ငံများသို့ ခွင့်ပြုစေလွှတ်ခဲ့သည့် အလုပ်သမား ၃၅၆၄ ဦးရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပြည်ပနိုင်ငံများသို့ ခွင့်ပြုစေလွှတ်ခဲ့သည့် အလုပ်သမား ၃၅၆၄ ဦးရှိ
Published 26 February 2022

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၃၁ ရက်အထိ ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့သည့် အလုပ်သမား ၃၅၆၄ ဦးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်က Virtual စနစ် ဖြင့်ပြုလုပ်သည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲ များဖြေရှင်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီဦးမြင့်ကြိုင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တာဆီး ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် အလုပ်သမားစေလွွှတ်/လက်ခံနိုင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေး၍ ရွှေ့ပြောင်းလုပ်သားများ စေလွှတ်နိုင်ရေး အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၃၁ ရက်အထိ အေဂျင်စီဖြင့် လည်းကောင်း၊ အဆင့်မြင့်ကျွမ်းကျင် လုပ်သားများအား မိမိအစီအစဉ်ဖြင့် လည်းကောင်း၊ စင်ကာပူနိုင်ငံသို့၂၁၈၅ ဦး၊ ကိုရီး ယားနိုင်ငံသို့ ၂၂၅  ဦး၊ ဂျပန်နိုင်ငံသို့ ၂၆၂ ဦး၊ မလေးရှားနိုင်ငံသို့ ၈၄ ဦးနှင့် အခြားသော ၄၁ နိုင်ငံသို့ ၈၀၈ ဦး စုစုပေါင်း အလုပ်သမား ၃၅၆၄ ဦးကို စေလွှတ်ခွင့်ပြုပေးခဲ့ရာ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခဲ့          ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံ နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျလာသဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်း သတ် မှတ်ချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဒီဇင် ဘာ၂၉ ရက်မှစ၍ ကိုရီးယားသမ္မတနိုင်ငံ သို့ အလုပ်သမားများ ပြန်လည်စေလွှတ်လျက် ရှိရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး  စုစုပေါင်း ၃၅၆ ဦး စေလွှတ်နိုင် ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးဆောင် ရွက်လျက်ရှိရာ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင်အာမခံ အလုပ်သမားများအား ဖေဖော်ဝါရီ ၂၃ ရက် အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အလုပ်ဌာန ၁၀၅၂၁ ဌာနမှ အလုပ်သမားများ ၇၅၂၇၆၀ နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို အလုပ်ဌာန ၉၀၃၈ ဌာနမှ အလုပ်သမား စုစုပေါင်း ၄၇၂၈၃၉ ဦးတို့ကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ကိုဗစ်-၁၉ အတည်ပြုအာမခံအလုပ်သမားလူနာ၂၀ ကုသနိုင်ရေး ထန်းတပင်အလုပ်သမားဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိပြီး ကိုဗစ်-၁၉ Fourth wave အတွက် ခုတင် (၄၀) ဆံ့ အဖြစ် ပြင်ဆင်တိုးချကြဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင်ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားဆေးရုံကြီး (ထန်းတပင်)၌ တစ်ရက်လျှင် Liter ၄၀ အောက်ဆီဂျင်အိုး ၈၀ ထွက်ရှိသည့် 20Nm3/h Containerized O2 Plant တစ်လုံးတပ်ဆင်၍ ရန်ကုန်အလုပ်သမား ဆေးရုံကြီးများ၏ အောက်ဆီဂျင်လိုအပ်ချက် နှင့် စက်မှုဇုန်မှအလုပ်သမားများ၏ အောက် ဆီဂျင်လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိဟု  ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent