ဖေဖော်ဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၉၂၁ ဒေါ်လာဝန်းကျင်ရှိနေပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၉၄၀၀၀၀ အထိ မြင့်တက်

ဖေဖော်ဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၉၂၁ ဒေါ်လာဝန်းကျင်ရှိနေပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၉၄၀၀၀၀ အထိ မြင့်တက်
Published 25 February 2022

ဖေဖော်ဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၉၂၁ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေ စျေးနှုန်းမှာ ကျပ် ၁၉၄၀၀၀၀ အထိ မြင့်တက် လာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရ သည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပြည်တွင်းရွှေ စျေးအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေ စျေး နှုန်းမှာ ကျပ် ၁၉၀၁၅၀၀ ရှိခဲ့ရာမှ ဖေဖော် ၀ါရီ ၂၅ ရက်တွင် ကျပ် ၁၉၄၀၀၀၀ သို့ရောက် ရှိလာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေ စျေးနှုန်းမှာ ၁၉၄၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ကျပ် ၁၈၂၉၅၀၀ ဝန်း ကျင်ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ၊  စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂၂၅၀၀၀၀ အထိ စျေးရှိခဲ့ သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ၊ စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂၂၅ဝဝဝဝအထိ စံချိန် တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ရှိ ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်းင်း ၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲ လှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံး သီး သန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ် ချက်အား အကောင်အထည်ဖော်ရန် အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြား ငွေစျေးပြိုင် လေလံအား ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent