ကမ္ဘာ့ရွှေစျေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ကျပ် ၁၉ သိန်းကျော် ရောက်ရှိနေပြီး စျေးကွက် ကမောက်ကမ မဖြစ်ရန် အရောင်းအဝယ် ပြုလုပ်ရာ၌ လက်ငင်းပြုလုပ်ရန် ညွှန်ကြားထား

ကမ္ဘာ့ရွှေစျေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ကျပ် ၁၉ သိန်းကျော် ရောက်ရှိနေပြီး စျေးကွက် ကမောက်ကမ မဖြစ်ရန် အရောင်းအဝယ် ပြုလုပ်ရာ၌ လက်ငင်းပြုလုပ်ရန် ညွှန်ကြားထား
Published 25 February 2022
ဇော်မင်းနိုင်

ကမ္ဘာ့ရွှေစျေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ကျပ်၁၉ သိန်းကျော်ရောက်ရှိနေပြီး စျေးကွက် ကမောက်ကမ မဖြစ်စေရန် အရောင်းအဝယ်ပြုလုပ်ရာ၌ လက်ငင်းပြုလုပ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ရွှေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“ကမ္ဘာ့ရွှေစျေးဆိုတာက တစ်ရက်ကို တစ်ရာလောက် ဝုန်းခနဲ ပြန်ပြုတ်ကျတာ ရှိ တယ်။ အခုလောလောဆယ်တော့ ၁၉ သိန်း ကျော်နေပြီ။ ကျွန်တော်တို့လည်း စျေးငြိမ် အောင်တော့ အများကြီးထိန်းထားတယ်။ ရွှေ စျေးကမောက်ကမဖြစ်ပြီးတော့ ရွှေစျေးကွက် ပျက်စီးသွားမှာဖြစ်တတ်တော့ ရောင်းတာ ဝယ်တာ အားလုံးကို လက်ငင်း ရောင်းဝယ် ပေးဖို့ ထိန်းသိမ်းထားတယ်။ နောက်တစ်ခုက ရွှေမရှိဘဲနဲ့ အရောင်းအဝယ်မလုပ်ဖို့။ တ ကယ်တမ်းဝယ်လိုအားတွေများလာရင် အရင် တုန်းကလိုပဲ ရွှေဆိုင်တွေက ရှိတဲ့ရွှေကို ဝယ်လိုအားကို ရသလောက်ရောင်းပေးနိုင်အောင် စီစဉ်ထားတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြား သည်။

ကမ္ဘာ့ရွှေစျေးနှုန်းမှာ ရုရှား-ယူကရိန်း အရေးဖြစ်ပေါ်နေချိန် ဖေဖော်ဝါရီ ၂၄ ရက် တွင် တစ်အောင်စလျှင် ၁၉၄၂ ဒေါ်လာရှိပြီး စျေးနှုန်းမှာ ရုတ်တရက်မြင့်တက်သွားခြင်းဖြစ် သည်။ အလားတူ မြန်မာ့ရွှေစျေးမှာလည်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ညနေအပိတ်စျေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်းသုံးသောင်း ခြောက်ထောင်သို့ ရောက်ရှိလာခဲ့သည်။

“ဒီနေ့က ရောင်းလိုအား များလာတယ်။ ကမ္ဘာ့ရွှေစျေးတက်လာလို့။ ကျွန်တော်တို့က တော့ လက်ငင်းရောင်းဝယ်တဲ့စနစ်နဲ့ပဲ သွား နေတယ်။ အရင်ကလိုဒီနေ့ရောင်း မနက်ဖန် မှပေးဆိုတာ မရှိတော့ဘူး။ ရွှေဆိုင်တွေက လည်း လက်ငင်းအရောင်းအဝယ် လုပ်ကြ တယ်” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။