အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိစ္စက အရိပ်မိုးလျက်ရှိနေ

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိစ္စက အရိပ်မိုးလျက်ရှိနေ
နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသော မလေးရှားမှ ဆာအိဖက်ဒင်အဗ္ဗဒူလာ၊ ဖိလစ်ပိုင်မှ တီအိုဒိုရိုလော့ဆင်းဂျူနီယာ၊ စင်ကာပူမှ ဗီဗီယန်ဘာလာခရစ်ရှနန်၊ ကမ္ဘောဒီးယားမှ ပက်ဆိုခွန်း၊ အင်ဒိုနီးရှားမှ ရက်နိုမာဆူဒီ၊ လာအိုမှ ဆာလူအန်ဆေးကွန်မာဆစ်တို့နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့အား ဖေဖော်ဝါရီ ၁၇ ရက်က ဖနွမ်းပင်မြို့တွင်ပြုလုပ်သော  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ် (Photo: Reuters)
နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသော မလေးရှားမှ ဆာအိဖက်ဒင်အဗ္ဗဒူလာ၊ ဖိလစ်ပိုင်မှ တီအိုဒိုရိုလော့ဆင်းဂျူနီယာ၊ စင်ကာပူမှ ဗီဗီယန်ဘာလာခရစ်ရှနန်၊ ကမ္ဘောဒီးယားမှ ပက်ဆိုခွန်း၊ အင်ဒိုနီးရှားမှ ရက်နိုမာဆူဒီ၊ လာအိုမှ ဆာလူအန်ဆေးကွန်မာဆစ်တို့နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့အား ဖေဖော်ဝါရီ ၁၇ ရက်က ဖနွမ်းပင်မြို့တွင်ပြုလုပ်သော  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ် (Photo: Reuters)
Published 17 February 2022
Ref: Reuters

မြန်မာနိုင်ငံ၏ နစကအစိုးရအဖွဲ့မှ ကိုယ်စားလှယ်ကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားမှုနှင့်အတူ မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန်ကိစ္စနှင့်ပတ်သက်၍ အဖွဲ့အတွင်း သဘော ထားကွဲလွဲမှုများ ရှိနေသည့်အကြား အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့၌ လက်ရှိ တွင် အလှည့်ကျဥက္ကဋ္ဌနေရာ ရယူထားပြီး အာဆီယံအဖွဲ့သည် လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ နစကအစိုးရကို အာဆီယံအဖွဲ့၏ အဓိ ကအစည်းအဝေးများ တက်ရောက်ခွင့်အား ပိတ်ပင်ထားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနစကအစိုးရနှင့် ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ယင်းကဲ့သို့သော ချဉ်းကပ်ပုံနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အာဆီယံသည် ဇန်နဝါရီလတွင် ကျင်းပရန်စီစဉ်ထားရာမှ ရွှေ့ဆိုင်းခဲ့သည့် ယခုအစည်းအဝေး၌ နစက အစိုးရက ခန့်ထားသော မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့်မှ ဖယ်ထုတ်ခဲ့သည်။

“တချို့ကိစ္စတွေမှာ ကျွန်တော်တို့အကြား အခါအားလျော်စွာ အမြင်တွေ ကွဲပြား ခြားနားနိုင်တယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။ ဒါပေမဲ့ မိသားစုအထဲမှာတောင် အဲဒီလိုပဲ ရှိတယ်မဟုတ်ဘူးလား” ဟု ကမ္ဘော ဒီးယားနိုင်ငံခြားရေးဝန်ကြီး ပက်ဆိုခွန်းက ဖနွမ်းပင်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာ နစက အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားသည့်အပြင် အချို့အာဆီယံ ဝန်ကြီးများသည်လည်း အရှေ့တောင်အာရှဒေသ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့် တက်နေသောကြောင့် အစည်းအဝေးသို့ လူကိုယ်တိုင် လာရောက်ခြင်းမရှိဘဲ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရန်သာ စီစဉ်ထားခဲ့ သည်။

ဝန်ကြီးများအားလုံး တက်ရောက်နိုင် ခြင်းမရှိသည့်အတွက် ဝမ်းနည်းမိကြောင်း ပက်ဆိုခွန်းက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘူအီ သန်ဆန်းသည် ဖနွမ်းပင်မြို့သို့ ရောက်ရှိလာ ပြီးနောက် COVID-19  ရောဂါပိုး စစ်ဆေး တွေ့ရှိရသောကြောင့် အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်သာ တက်ရောက်မည်ဖြစ် ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆောင်နရီက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထူးခြားသည့် အောင်မြင်မှုတစ်ရပ်ရပ် ရှိမလာပါက ပဋိပက္ခများ နှိပ်စက်နေသည့်နိုင်ငံသည် နောက် ငါးနှစ်မှ ၁၀ နှစ်အတွင်းမှာပင် ငြိမ်းချမ်းရေး ရရှိလိမ့်မည်မဟုတ်ကြောင်း ပြောကြားလျက် လွန်ခဲ့သည့်လက ၎င်းအနေဖြင့် ဆွေးနွေးမှုများပြုလုပ်ရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၁၆ ရက်က ကာကွယ်ပြောကြားခဲ့သည်။

ရန်လိုမှုများကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အာဆီယံအဖွဲ့ကို ပါဝင်ကူညီဆောင်ရွက်ခွင့်ပြုရန် လွန်ခဲ့သည့် နှစ်က ပေးထားသည့် ကတိမတည်မချင်း မြန်မာနိုင်ငံ၏ ဗိုလ်ချုပ်ကြီးများအား ဖိတ်ကြား ခြင်းမပြုရန် စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့က ကမ္ဘောဒီးယားကို တောင်းဆိုခဲ့သည်။

အစည်းအဝေးမစမီ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည် ဖော်ရာ၌ တိုးတက်မှုမရှိခြင်းမှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ပြောကြားခဲ့သည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။         

Most Read

Most Recent