လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်း ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၅၃ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆၁ သန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်း ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၅၃ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆၁ သန်းကျော် ပိုမိုရရှိ
Published 15 February 2022

လက်ရှိဘဏ္ဍာနှစ်  လေးလကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၅၃ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆၁ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီ ၄ ရက်အထိ ထီးခီးနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၆၄၂  ဒသမ ၈၉၆ သန်း၊ သွင်းကုန်ဒေါ်လာ ၁၀ ဒသမ ၄၀၀ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၆၅၃ ဒသမ ၂၉၆ သန်း ရရှိသည်။ ယခင်နှစ်ကာလတူက ပို့ကုန် ဒေါ်လာ ၄၈၃ ဒသမ ၀၇၆ သန်း၊ သွင်းကုန်ဒေါ်လာ ၉ ဒသမ ၂၀၈ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄၉၂ ဒသမ ၂၈၄ သန်း ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၄ ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆၁ ဒသမ ၀၁၂ သန်း ပိုမိုရရှိခဲ့သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်း တင်ပို့ထားကာ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်းတင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန် တန်ဖိုးဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၂၁၂ ဒသမ ၂၃၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်း တင်သွင်းထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent