၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် သတင်းသမား ၁၄၆ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း  UNESCO Myanmar ထုတ်ပြန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် သတင်းသမား ၁၄၆ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း  UNESCO Myanmar ထုတ်ပြန်
Published 2 February 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် သတင်းသမား ၁၄၆ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း UNESCO Myanmar က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း အမျိုးသမီးသတင်းသမား ၂၆ ဦး၊ အမျိုးသားသတင်းသမား ၁၂၀ တို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း UNESCO Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲ သတင်းသမား ၅၂ ဦးတွင် အမျိုးသမီးသတင်းသမား ၁၂ ဦး၊ အမျိုးသားသတင်းသမား ၄၀ တို့ပါဝင်နေကြောင်း UNESCO Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ တရားစွဲဆိုခံထားရသည့် သတင်းသမား ၃၆ ဦးရှိပြီး အမျိုးသမီးသတင်းသမား ခုနစ်ဦး၊ အမျိုးသားသတင်းသမား ၂၉ ဦးတို့ ပါဝင်နေသည်ဟု  UNESCO Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တစ်နှစ်အတွင်း တိမ်းရှောင်နေရသည့် သတင်းသမားအရေအတွက်မှာ ၂၉ ဦးရှိကြောင်း UNESCO Myanmar က ဆိုသည်။ ထိုသတင်းသမား ၂၉ ဦးထဲတွင် အမျိုးသမီးသတင်းသမား လေးဦးနှင့် အမျိုးသားသတင်းသမား ၂၅ ဦးတို့ ပါဝင်ကြောင်း UNESCO Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တစ်နှစ်အတွင်း သေဆုံးခဲ့သည့် သတင်းသမား သုံးဦးရှိကြောင်း UNESCO Myanmar က ဆိုသည်။

ထို့ပြင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းမီဒီယာ ၁၀ ခုရှိလာပြီး တရားစွဲဆိုခံရသည့် သတင်းမီဒီယာ ငါးခုရှိကြောင်း UNESCO Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent