ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်
Published 1 February 2022

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အမိန့်ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၉ / ၂၀၂၂ ဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့အတွက် ဝန်ကြီးချုပ်များ ခန့်အပ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခ) ဘူးရယ်တို့အား တာဝန်မှ အနားယူခွင့်ပြုလုပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပြီး ယနေ့တွင် အဆိုပါ ဝန်ကြီးချုပ်များနေရာတွင် ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent