ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာ ကျပ် ၁၆၀၀ ကျော်အထိမြင့်တက်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီအမျိုးအစားအလိုက် ရာခိုင်နှုန်း ၁၄၀ မှ ၁၅၀ အထိ မြင့်တက်

ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာ ကျပ် ၁၆၀၀ ကျော်အထိမြင့်တက်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီအမျိုးအစားအလိုက် ရာခိုင်နှုန်း ၁၄၀ မှ ၁၅၀ အထိ မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
Published 27 January 2022

လက်ရှိတွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာလျှင် ကျပ် ၁၆၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီအမျိုးအစားအလိုက် ရာခိုင်နှုန်း ၁၄၀ မှ ၁၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၁၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၁၆၀၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၅၇၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၆၃၀ ကျပ်အထိရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက  ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၂၇ ရက်အထိ တစ်နှစ်အတွင်း  ဒီဇယ်တစ်လီတာ ကျပ် ၉၃၀ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၉၃၀ ကျပ်မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄၀ ခန့်မြင့်တက်ခဲ့သည်။

အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၅၀ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၅၀ ကျော်၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၈၈၀ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၂၀ ခန့်မြင့်တက်ခဲ့ သည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ တရိပ်ရပ်မြင့်တက်ခဲ့ရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် စက်သုံးဆီအမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ အထက် စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင်  စက်သုံးဆီစျေးနှုန်းများမှာ  ဒီဇယ်တစ်လီတာ ၁၅၀၀ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၅၂၅ ကျပ်အထိ အမြင့်ဆုံးမြင့်တက်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍများတွင် ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး  အကျိုးဆက်အနေဖြင့် ပြည်တွင်း၌ ကုန်စျေးနှုန်းများလည်း မြင့်တက်မှုများရှိခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် စက်သုံးဆီ တန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent