ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၄၀ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၈၈၄၀၀၀ ဝန်းကျင်သို့ ရောက်ရှိ

ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၄၀ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၈၈၄၀၀၀ ဝန်းကျင်သို့ ရောက်ရှိ
Published 25 January 2022

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည့်  ပြည်တွင်းရွှေစျေးနှုန်းမှာ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၁၈၈၄၀၀၀ ဝန်းကျင်သို့ရောက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇန်နဝါရီ ၁၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးနှုန်းမှာ ၁၈၈၄၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၇၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

အောက်တိုဘာ ၃၀  ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၈၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ  ကျပ် ၁၇၇၈၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၆၇၃၅၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂ဝဝဝဝနှင့် စက်တင်ဘာလအတွင်း ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

Most Read

Most Recent