စက်မှုဇုန်အတွင်း မြေရောင်းချမှုသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် မီီှခိုအားထားနေသည်ဖြစ်ရာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း မြေရောင်းချမှုများ လာမည့်နှစ်များတွင် အနည်းဆုံးဖြစ်မည်ဟု ခန့်မှန်းထား

စက်မှုဇုန်အတွင်း မြေရောင်းချမှုသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် မီီှခိုအားထားနေသည်ဖြစ်ရာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း မြေရောင်းချမှုများ လာမည့်နှစ်များတွင် အနည်းဆုံးဖြစ်မည်ဟု ခန့်မှန်းထား
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 4 January 2022

စက်မှုဇုန်အတွင်း မြေရောင်းချမှုသည် နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် မှီခိုအားထားနေသည်ဖြစ်ရာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း မြေရောင်းချမှုများ လာမည့်နှစ်များတွင် အနည်းဆုံးဖြစ်မည်ဟု ခန့်မှန်းထားကြောင်း MTSH ၏ စီမံအုပ်ချုပ်သူများမှ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်သည် မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သောကုမ္ပဏီ၏ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းကို အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံရေးနှင့် စီးပွားရေး မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများသည် အခက်အခဲများအားလုံးကို အကောင်းဆုံး ကြိုးပမ်းကျော်ဖြတ်လျက်ရှိကြောင်း သိရသည်။

မိမိတို့၏ စက်မှုဇုန်အတွင်း မြေရောင်းချမှုသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် မှီခိုအားထားနေသည်ဖြစ်ရာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း မြေရောင်းချမှုများ လာမည့်နှစ်များတွင် အနည်းဆုံးဖြစ်မည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း လက်ရှိလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည့်စက်ရုံများအား ထောက်ပံ့ပေးနေသည့် ရေနှင့်လျှပ်စစ်ဓာတ် အားအသုံးပြုမှုများမှရရှိလာမည့်ဝင်ငွေများကြောင့် MJTD သည် ဆက်လက်တည်တံ့နေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သီလဝါပရောပါတီးဒီဗလော့မန့်လီမိတက်သည် လာမည့်နှစ်တွင် စိန်ခေါ်မှုအများဆုံးကာလဖြစ်မည်ဟုယူဆပြီး လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာအဆောက်အအအုံတည်ဆောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုများသည် အဓိကအားဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအပေါ် မှီခိုရမည့်ကာလဖြစ်လာနိုင်ကြောင်း၊ စားသောက်ဆိုင်များ၊ ဆိုင်ခန်းများနှင့် စျေးဝယ်ဧရိယာများကို ထပ်မံတိုးချဲ့ရန် ယခင်က စီစဉ်ထားခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားနေသည့် ကပ်ရောဂါကာလနှင့် စီးပွားရေးဆိုင်ရာကန့်သတ်ချက်များကြောင့် အဆင်မပြေမှုများရှိသည့်အတွက် ယခုကာလတွင် ရွှေ့ဆိုင်းထားသည်။

မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ကြို့ကုန်းအိမ်ယာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်တွင် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ အဆိုပါစီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိတော့မည်ဖြစ်ပြီး စီမံကိန်းကို သုံးနှစ်မှ ခုနစ်နှစ်အတွင်း အကျိုးအမြတ်ပြန်လည်ရရှိနိုင်မည့် ရေတို-ရေရှည်ကြားကာလအတွင်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent