တနင်္သာရီမြစ်ဝှမ်းဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပဏာမစူးစမ်းလေ့လာမှုများဆောင်ရွက်၍ ဖြစ်မြောက်နိုင်စွမ်းလေ့လာဆောင်ရွက်ရန် စိတ်ဝင်စားသည့်လုပ်ငန်းရှင်များအား တင်ဒါဖိတ်ခေါ်

တနင်္သာရီမြစ်ဝှမ်းဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပဏာမစူးစမ်းလေ့လာမှုများဆောင်ရွက်၍ ဖြစ်မြောက်နိုင်စွမ်းလေ့လာဆောင်ရွက်ရန် စိတ်ဝင်စားသည့်လုပ်ငန်းရှင်များအား တင်ဒါဖိတ်ခေါ်
လောပိတရေအားလျှပ်စစ်စီမံကိန်းတစ်နေရာကိုတွေ့ရစဉ်
လောပိတရေအားလျှပ်စစ်စီမံကိန်းတစ်နေရာကိုတွေ့ရစဉ်
Published 4 January 2022

တနင်္သာရီမြစ်ဝှမ်းဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုအား ပဏာမစူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားသူလုပ်ငန်းရှင်ကုမ္ပဏီများ တင်ဒါတင်သွင်းရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသည်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ တနင်္သာရီမြစ်ဝှမ်းဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို ပဏာမစူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းအတွက် တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂၈ ရက်အထိ ရုံးအမှတ် (၂၇)၊ ရှေ့အဝင်ဂိတ်၌ ရောင်းချမည်ဖြစ်သည်။ တင်ဒါအဆိုပြုလွှာများကို ၂၀၂၂ ခုနှစ် မေ ၁၆ ရက်တွင် တင်သွင်းရမည်ဖြစ်ပြီး နေရာအနေဖြင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(ရုံးအမှတ်-၂၇၊ သုံးထပ်ဆောင်၊ ရုံးသစ်၊ နေပြည်တော်)သို့ တင်သွင်းရမည်ဖြစ်ကြောင်းနှင့် တင်ဒါကြော်ငြာပုံစံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့်ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာခိုင်နှုန်း၊ ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ ဘသာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာ ခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းဖြစ်သည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏နှစ်အလိုက် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိတိုးတက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

နှစ်အလိုက်  လူတစ်ဦးချင်းလျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ သည်။

Most Read

Most Recent