M2 World Championships ဒုတိယဆုရ Burmese Ghouls အသင်း

M2 World Championships ဒုတိယဆုရ Burmese Ghouls အသင်း
Published 2 January 2022

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းက စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Mobile Legends M2 World Championships ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် Burmese Ghouls အသင်း ဒုတိယဆု ရရှိခဲ့သည်။

Esports အားကစားနည်းမှာ ယခုနောက်ပိုင်းတွင် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာသလို အားကစားပြိုင်ပွဲများတွင် ပါဝင်သည်အထိ အောင်မြင်မှုရလာရာ Burmese Ghouls အသင်း၏ အောင်မြင်မှုမှာ မြန်မာ Esports အားကစားလောကအတွက် ကျေနပ်စရာဖြစ်ခဲ့ရသည်။ Burmese Ghouls အသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စုအဆင့်၊ Play-off အဆင့်များကို ဖြတ်ကျော်ကာ Grand Final အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဖိလစ်ပိုင်ကိုယ်စားပြု Bren Esports အသင်းကို ၃-၄ ပွဲ ဖြင့် အရေးနိမ့်သဖြင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ Burmese Ghouls အသင်းသည် Upper Bracket အဆင့်တွင် တွေ့ဆုံခဲ့သည့် ဖိလစ်ပိုင်အသင်းကို ပြန်လည်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent