ပြည်တွင်းလိဂ်မရှိသဖြင့် ပြည်ပထွက်ကစားနှုန်း မြင့်တက်လာသည့် မြန်မာဘောလုံးသမားများ

ပြည်တွင်းလိဂ်မရှိသဖြင့် ပြည်ပထွက်ကစားနှုန်း မြင့်တက်လာသည့် မြန်မာဘောလုံးသမားများ
Published 2 January 2022

ပြည်တွင်း၌ လိဂ်ပြိုင်ပွဲများ ကျင်းပနိုင်ရန် မသေချာသေးခြင်း၊ MNL အပါအဝင် ကလပ်အသင်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးသဖြင့် မြန်မာဘောလုံးသမားများ ပြည်ပထွက်ကစားမှုနှုန်းမှာ ပြီးခဲ့သည့်နှစ်တွင် မြင့်တက်လာခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ မြန်မာဘောလုံးသမားများ ပြည်ပထွက်ကစားမှု ပိုမိုအသက်ဝင်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ပြည်ပကလပ်များ၌ သွားရောက်ကစားသည့်အရေအတွက်မှာ ပိုများလာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် MNL ပြိုင်ပွဲ ဖျက်သိမ်းခဲ့ရခြင်း၊ MNL ကလပ်များအနေဖြင့် ကစားသမားများကို လစာအပြည့်အဝ မပေးနိုင်ခြင်းကြောင့် ကစားသမားများအနေဖြင့် ပြည်ပထွက်ကစားရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် ကစားသမားများမှာ ပြည်ပထွက်ကစားရန် ကလပ်များနှင့် စာချုပ်ဖျက်သိမ်းမှု များပြားလာပြီး နောက်ဆုံးအပြောင်းအရွှေ့မှာ ထိုင်းလိဂ်-၂ ကလပ် လမ်ဖွန်အသင်းသို့ မောင်မောင်လွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent