၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး ဂျပန်နိုင်ငံ၌ နေရစ်ခဲ့သူ ဂိုးသမား ပြည့်လျှံအောင်နှင့် လက်ရွေးစင်အသင်းကို ကျောခိုင်းထားသူများ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး ဂျပန်နိုင်ငံ၌ နေရစ်ခဲ့သူ ဂိုးသမား ပြည့်လျှံအောင်နှင့် လက်ရွေးစင်အသင်းကို ကျောခိုင်းထားသူများ
ဂျပန်နိုင်ငံ၌ နေရစ်ခဲ့သည့် ဂိုးသမား ပြည့်လျှံအောင်
ဂျပန်နိုင်ငံ၌ နေရစ်ခဲ့သည့် ဂိုးသမား ပြည့်လျှံအောင်
Published 2 January 2022

ဖေဖော်ဝါရီလဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် အားကစားလောကအပေါ် သက်ရောက်မှုရှိခဲ့ပြီး အားကစားကဏ္ဍအသီးသီးတွင် လက်ရွေးစင်အသင်းကို ကျောခိုင်းထားသူများ ရှိခဲ့သည်။

ဂျပန်နိုင်ငံ၌ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများတွင် မြန်မာ့လက်ရွေးစင်အသင်း သုံးပွဲစလုံး ရလဒ်မကောင်းဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့သည်။ ထို့ပြင် ဂျပန်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ပွဲမတိုင်မီ နိုင်ငံတော်သီချင်းသီဆိုစဉ် အရန်ဂိုးသမား ပြည့်လျှံအောင်က လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ခြေစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါလာခြင်းမရှိဘဲ ဂျပန်နိုင်ငံ၌ ကျန်ရစ်ခဲ့သည်။ ပြည့်လျှံအောင် ဂျပန်နိုင်ငံ၌ နေထိုင်ခွင့်ရစေရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဂျပန်ရှေ့နေများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဘောလုံးအပြင် အားကစားကဏ္ဍအသီးသီးတွင် အဓိကကစားသမားများမှာ လက်ရွေးစင်အသင်းကို ကျောခိုင်းကာ ပါဝင်ကစားခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ အမာခံကစားသမားများ ပါဝင်ခြင်းမရှိသဖြင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ကမ္ဘာ့ဖလားနှင့် ဆူဇူကီးဖလား ပြိုင်ပွဲများတွင် ခြေစွမ်းမပြနိုင်ခဲ့ပေ။

Most Read

Most Recent