ရီးယဲလ်တိုက်စစ်မှူးဟောင်း မိုရာတာကို ခေါ်ယူရန် ဘာစီလိုနာ စီစဉ်

ရီးယဲလ်တိုက်စစ်မှူးဟောင်း မိုရာတာကို ခေါ်ယူရန် ဘာစီလိုနာ စီစဉ်
Photo: Getty Images
Photo: Getty Images
Published 1 January 2022

 

ဘာစီလိုနာအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ ရီးယဲလ်တိုက်စစ်မှူးဟောင်း မိုရာတာကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

ဘာစီလိုနာနည်းပြ ဇာဗီသည် ဖယ်ရန်တောရက်စ်ကို ခေါ်ယူခဲ့ပြီးနောက် မိုရာတာကို ခေါ်ယူရန် ထပ်မံစီစဉ်လာခြင်းဖြစ်ပြီး ၎င်း၏အေးဂျင့်နှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။ 

မိုရာတာ(၂၉ နှစ်)သည် အက်သလက်တီကိုအသင်းမှ ဂျူဗင်တပ်စ်အသင်းထံ အငှားသွားရောက်ကစားနေခြင်းဖြစ်ပြီး အီတလီမြေတွင် ဆက်ကစားလိုခြင်းမရှိသည့်အတွက် ဘာစီလိုနာအသင်းက ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent