■ တံကောက်ကြောဒဏ်ရာကြောင့် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ် (၂)လခန့် အနားယူရမည် 

■ တံကောက်ကြောဒဏ်ရာကြောင့် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ် (၂)လခန့် အနားယူရမည် 
Photo: PA
Photo: PA
Published 1 January 2022

ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်သည် တံကောက်ကြောဒဏ်ရာကြောင့် (၂)လခန့် အနားယူရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ရီးစ်ဂျိမ်းစ်သည် ဒီဇင်ဘာ (၂၉)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၁-၁) ဘရိုက်တန်ပွဲ၌ ယင်းဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၇)မိနစ်တွင် မားကို့စ်အလွန်ဆိုနှင့် လူစားလဲခဲ့ရသည်။ 

ရီးစ်ဂျိမ်းစ်၏ ဒဏ်ရာကို သောကြာနေ့တွင် Scan ဖတ်စစ်ဆေးခဲ့ရာ ခွဲစိတ်ကုသရန်မလိုအပ်သော်လည်း ၎င်းအနေဖြင့် (၂)လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ ရီးစ်ဂျိမ်းစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၃)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။ 

ချယ်လ်ဆီးအသင်းတွင် အခြားနောက်ခံလူတစ်ဦးဖြစ်သည့် ဘင်ချီဝဲလ်မှာလည်း ဒဏ်ရာပြဿနာကြောင့် ယခုရာသီကုန်အထိ အနားယူရတော့မည်ဖြစ်ရာ ရီးစ်ဂျိမ်းစ်၏ဒဏ်ရာသတင်းမှာ နည်းပြ တူဟယ်လ်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent