ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေ
Published 30 December 2021

ဒီဇင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို၂၀၆၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၆၅ကျပ်၊ မလေးရှားရင်းဂစ် ၄၃ဝကျပ်၊ ထိုင်းဘတ် ၅၆.၉ကျပ်၊ ဂျပန်ယန်း ၁၆ ကျပ်၊ တရုတ်ယွမ်ကျပ် ၃၀၀ တို့ဖြစ်သည်။

ဒီဇင်ဘာ ၂၉ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို၂၀၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၅၅ကျပ်၊ မလေးရှားရင်းဂစ် ၄၃ဝကျပ်၊ ထိုင်းဘတ် ၅၇ ကျပ်၊ ဂျပန်ယန်း ၁၅.၈ ကျပ်၊ တရုတ်ယွမ်ကျပ် ၃၀၀ စျေးရှိခဲ့သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent