၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၂၃၇၂ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်း၏ ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိ

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၂၃၇၂ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်း၏ ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိ
Published 29 December 2021

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၂၃၇၂ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ် ဧပြီလကုန်အထိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၁၁၃၁ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏  ၁၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ် ဇန်နဝါရီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်ခြံမြေကဏ္ဍတွင် ၃၀၇၁ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ကျပ်၁၈၆၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ် မှုကဏ္ဍတွင် ကျပ်၂၅၅၆ ဘီလျံကျော်၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ်၁၁၄၁ ဘီလျံကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၁၁၂၅ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဘီလျံကျော်၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ် ၃၂၄ ဘီလျံကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၄၇  ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဘီလျံကျော်၊ သတ္တုကဏ္ဍတွင် ကျပ်ရ၅ ဘီလျံကျော်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၂ ဘီလျံကျော်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဘီလျံကျော်မြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃၀ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်းကျော်အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက် ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်းအပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံ ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင် ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent