■ ဗာနာနှင့် ဇီယာ့ရှ်တို့ကို အသင်းတွင် ဆက်ထိန်းရန် ချယ်လ်ဆီးနည်းပြ တူဟယ်လ် ဆန္ဒရှိ 

■ ဗာနာနှင့် ဇီယာ့ရှ်တို့ကို အသင်းတွင် ဆက်ထိန်းရန် ချယ်လ်ဆီးနည်းပြ တူဟယ်လ် ဆန္ဒရှိ 
Photo: Getty Images
Photo: Getty Images
Published 25 December 2021

ချယ်လ်ဆီးနည်းပြ တူဟယ်လ်သည် အသင်းကစားသမားများဖြစ်သည့် တိုက်စစ်မှူး ဗာနာနှင့် ကွင်းလယ်တိုက်စစ်ကစားသမား ဇီယာ့ရှ်တို့ကို အသင်းတွင် ဆက်ထိန်းရန် ဆန္ဒရှိနေကြောင်း Evening Standard သတင်းစာက ဖော်ပြခဲ့သည်။ 

ဗာနာနှင့် ဇီယာ့ရှ်တို့သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ပွဲထွက်ရရန် ရုန်းကန်နေရသောကြောင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

သို့သော် တူဟယ်လ်က အဆိုပါကစားသမား(၂)ဦးစလုံးကို အသင်းအတွက် အရေးပါသည့်ကစားသမားများအဖြစ် သတ်မှတ်ထားကြောင်း Evening Standard က ဖော်ပြခဲ့သည်။ 

ထို့ပြင် တူဟယ်လ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကို အပြောင်းအလဲပြုလုပ်ရန် ဆန္ဒမရှိသဖြင့် အသင်းရှိ ကစားသမားများကိုလည်း ရောင်းထုတ်ဖွယ်မရှိကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ဂျာမန်တိုက်စစ်မှူး ဗာနာကို မန်ယူနှင့် ဂျူဗင်တပ်စ်တို့ စိတ်ဝင်စားနေပြီး မော်ရိုကိုကွင်းလယ်တိုက်စစ်ကစားသမား ဇီယာ့ရှ်ကိုမူ အက်သလက်တီကိုအပါအဝင် ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent