■ သီယာဂိုဆေးလ်ဗားကို ၂၀၂၃ ခုနှစ်အထိ ချယ်လ်ဆီးအသင်း သက်တမ်းတိုးမည်

■ သီယာဂိုဆေးလ်ဗားကို ၂၀၂၃ ခုနှစ်အထိ ချယ်လ်ဆီးအသင်း သက်တမ်းတိုးမည်
Photo: Getty Images
Photo: Getty Images
Published 24 December 2021

ချယ်လ်ဆီးအသင်းသည် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် သီယာဂိုဆေးလ်ဗား(၃၇ နှစ်)ကို ၂၀၂၀ ခုနှစ်က PSG အသင်းထံမှ ခေါ်ယူခဲ့ပြီး တစ်နှစ်ချင်း သက်တမ်းတိုးနေခဲ့ခြင်းဖြစ်သည်။ 

လက်ရှိစာချုပ်မှာ ၂၀၂၂ တွင် ကုန် ဆုံးမည်ဖြစ်၍ ၂၀၂၃ ခုနှစ်အထိ ထပ်မံသက်တမ်းတိုးရန် စီစဉ်ခြင်းလည်းဖြစ်သည်။ 

ယခုအခါ နှစ်ဖက်သဘောတူညီမှုရရှိပြီဖြစ်၍ လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရသည်။

သီယာဂိုဆေးလ်ဗားသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ပွဲ(၂၀)တွင် (၂)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent