စပါး - ဝက်စ်ဟမ်း (ကြာသပတေးနံနက် ၂း၁၅ နာရီ)
ပြီးခဲ့တဲ့အဆင့်တွေမှာ မန်ချက်စတာမြို့ခံ အသင်း(၂)သင်းကို ကျော်ဖြတ်လာခဲ့တဲ့ဝက်စ်ဟမ်းအသင်းရဲ့စွမ်းဆောင်ရည် ကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒီပွဲတွေမှာ ဝက်စ်ဟမ်းက အရန်ကစားသမားတွေ အများအပြားအသုံးပြုပြီး အနိုင်ယူခဲ့တာ လည်းဖြစ်တယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ဝက်စ်ဟမ်းအနေနဲ့ရလဒ်ပိုင်းအနည်းငယ်ကျဆင်းနေပြီး ပြိုင်ပွဲစုံ(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရတော့တယ်။ အီတလီလူမျိုးနည်းပြ ကွန်တီရဲ့ စပါးအသင်းက နောက်ပိုင်းပွဲတွေမှာ အခြေအနေပြန်ကောင်းလာသလို၊ အသင်းက ယုံကြည်မှု ပိုရှိလာတာ တွေ့ရတယ်။ အဓိကကစားသမားအများစုကို အသုံးပြုလာနိုင်တဲ့ စပါးအသင်း မိနစ်(၉၀)အတွင်း ရှုံးဖို့တော့မရှိဘူး။
ဘရန့်ဖို့ဒ် - ချယ်လ်ဆီး (ကြာသပတေးနံနက် ၂း၁၅ နာရီ)
ချယ်လ်ဆီးအသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အပြင်း အထန်ခံနေရတဲ့ အနေအထားရှိပြီး ပြီးခဲ့တဲ့ဝုလ်ဗ်နဲ့ပွဲ အရန် စာရင်းမှာ OutField Player (၄)ဦးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးခဲ့တယ်။ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၅) ပွဲမှာလည်း (၁)ပွဲသာ အနိုင်ရတော့တဲ့အထိ ရလဒ်တွေကျဆင်း သွားတယ်။ ဘရန့်ဖို့ဒ်ကတော့ လိဂ်ဖလားပွဲတွေမှာ ကစားသ မားအပြောင်းအလဲ အနည်းငယ်သာလုပ်လေ့ရှိတာ တွေ့ရ တယ်။ ပရီးမီးယားလိဂ်မှာ ဖိအားမရှိတဲ့ ဘရန့်ဖို့ဒ်အသင်း အား ထည့်ကစားနိုင်ပေမဲ့ အစဉ်အလာကွာလို့ ချယ်လ်ဆီးကိုပဲ ရွေး ချင်တယ်။
လီဗာပူးလ် - လက်စတာ (ကြာသပတေးနံနက် ၂း၁၅ နာရီ)
လီဗာပူးလ်အသင်းက ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးတဲ့အပြင် နောက်ဆုံး(၆)ပွဲဆက်တိုက် အနိုင်ကစားထားတာ တွေ့ရတယ်။ ဒါပေမဲ့ လိဂ်ဖလားမှာ လူစုံထုတ်လေ့မရှိတဲ့ နည်းပြ ယာဂန်ကလော့ပ်က အခုပွဲမှာလည်း အရန်ကစားသမားအ များစုနဲ့ပဲ ပွဲထွက်လာဖို့များပါတယ်။ လီဗာပူးလ်နဲ့ယှဉ်ရင်တော့ လက်စတာအသင်းမှာ အမာခံကစားသမား ပိုများလာနိုင်တာ သတိပြုရမှာပါ။ လတ်တလောမှာ လက်စတာအသင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေရွှေ့ဆိုင်းထားရလို့ (၁၀)ရက်ကျော် လောက် ပွဲဝေးနေပြီး ကစားသမားတွေအနေနဲ့ In-Form မဖြစ်လောက်လို့ လီဗာပူးလ်အတွက် တစ်ပန်းသာနေတယ်။ လီဗာပူးလ် နိုင်ဖို့များပါတယ်။















