မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် သုံးလကျော်ကာလအတွင်း ပြည်သူများအတွက် စားသုံးဆီတန်ချိန်ပေါင်း နှစ်သောင်းခွဲကျော်အား ရောင်းချထားကြောင်း အသင်းဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် သုံးလကျော်ကာလအတွင်း ပြည်သူများအတွက် စားသုံးဆီတန်ချိန်ပေါင်း နှစ်သောင်းခွဲကျော်အား ရောင်းချထားကြောင်း အသင်းဥက္ကဋ္ဌ ပြောကြား
Published 18 December 2021

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် သုံးလကျော်ကာလအတွင်း ပြည်သူများအတွက် စားသုံးဆီတန်ချိန်ပေါင်း နှစ်သောင်းခွဲကျော်အား ရောင်းချထားကြောင်း အသင်းဥက္ကဌ ဦးဆန်းလင်းက ဒီဇင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက် ၊ မွန်းလွဲတစ်နာရီမှစတင်ကာ ပြည်လမ်းရှိ Lotte Hotel တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၂၉ နှစ်ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စက်တင်ဘာလမှ စတင်ကာ လက်ရှိအချိိန်ထိ ပြည်သူများအတွက် စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စျေးကြီးများ ၊ ဆိုင်ခန်းကြီးများသို့ လက်လီရောင်းချပေးခဲ့သလို အသင်းမှ ဦးစီးပြီး စျေးများအတွင်း ယာဉ်ဖြင့် လှည့်လည်ကာ စားသုံးဆီတစ်ပိသာလျှှင် ၃၇၀၀ ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

“ဒီနေ့ပွဲလုပ်ရတာတော့ ၂၉ ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးပါ။ဆီစျေးလျှော့ရောင်းပေးတာက ဗဟိုဘဏ်ကနေ ရည်ညွှန်ုစျေးနဲ့ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးနေတာပါ။ဗဟိုဘဏ်ကနေ ရောင်းချပေးတဲ့ အမေရိကန်ဒေါ်လာနဲ့ညီမျှတဲ့ စားသုံးဆီများကို အသင်းကနေ ပြန်လည်ရောင်းချပေးတာ ဖြစ်ပါတယ်။အဲ့တုန်းက စက်တင်ဘာလထဲမှာ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁၉ သန်း ၊ ဒုတိယအကြိမ် နိုဝင်ဘာလမှာ ၁၂ သန်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၁ သန်းရရှိခဲ့ပါတယ်။အဲ့ ၃၁ သန်းနဲ့ညီမျှတဲ့ စားသုံးဆီများကို ဘုရင့်နောင်ကုန်စည်ဒိုင်မှာရှိတဲ့ လက်က္ကားဆိုင်တွေ စျေးအကြီးတွေမှာရှိတဲ့ ဆိုင်တွေကို အနည်းဆုံးစျေးနဲ့ ရောင်းချပေးနေပါတယ်။လက်လီ/လက္ကား ကုန်သည်အကြီး ဆိုင်အကြီးတွေကိုလည်း ရောင်းချပေးတယ်။ပြီးတော့ စျေးတွေမှာ ကားတွေနဲ့တိုက်ရိုက်သွားရောင်းချပေးနိုင်ခဲ့တယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းက ပြောကြားသည်။

စတင်ရောင်းချသည့်အချိန်တွင် နိုင်ငံခြားငွေကြေးနှုန်းများ မြင့်တက်နေသည့်အချိန်ဖြစ်သော်လည်း ဗဟိုဘဏ်မှ ရည်ညွှန်းစျေးဖြင့် တင်သွင်းခွင့်ပြုသဖြင့် ဆီတင်သွင်းသည့် စျေးနှုန်းသက်သာခဲ့ကြောင်း သိရသည်။

“အဲ့အချိန်က နိုင်ငံခြားငွေကြေးမြင့်တက်နေတဲ့အချိန်ဖြစ်ပေမယ့် ဗဟိုဘဏ်ရည်ညွှန်းစျေးက သက်သာပါတယ်။အဲ့လိုရလို့လည်း ပြည်သူတွေကို တစ်ပိသာကို ၃၇၀၀ နဲ့ရောင်းချပေးနိုင်တာပါ။စားသုံးသူတွေကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ လာဝယ်တာကို တွေ့ရပါတယ်။အခုထိ ဆီတန်ချိန်ပေါင်း ၂၅၀၀၀ ကျော်ကို ရောင်းချထားနိုင်ပါတယ်။ပြည်တွင်းမှာ ပြည်သူတွေ စားသုံးဆီဖူလှုံစေဖို့အတွက်ရယ် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသုံးဆီကိုတင်သွင်းပြီး ရောင်းချဖို့ စီစဉ်ထားပါတယ်”ဟု  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗဟိုဘဏ်မှ ဒေါ်လာဆယ်သန်း နှစ်ကြိမ်ထပ်ရထားကြောင်း ၊ ယင်းဒေါ်လာများအား မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ကြီးကြပ်မှုဖြင့် မစီစဉ်တော့ဘဲ တင်သွင်းလာသည့် ကုမ္ပဏီများမှ ပြန်လည်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent