လူကာကူအနေနဲ့ ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန်နေရခြင်းဟာ အသင်းရလဒ်တွေကောင်းပြီး ကစားကွက်ပိုင်း ဟန်ချက်ညီချိန်မျိုးမှာ ပြဿနာမရှိပေမဲ့ လက်ရှိချယ်လ်ဆီးအသင်း တည်ငြိမ်မှုရဖို့ ရုန်းကန်နေရပြီး ဒဏ်ရာပြဿနာတွေများနေတဲ့ ကာလမျိုးမှာတော့ စိုးရိမ်စရာကောင်းပါတယ်။ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ယုံကြည်မှုများစွာပေးလို့ ခေါ်ယူခံထားရတဲ့ လူကာကူအနေနဲ့ အသင်းဖိအားများချိန်မှာ ကွင်းတွင်းပုံစံကောင်းပြပြီး သွင်းဂိုးတွေနဲ့ မကူညီနိုင်ခဲ့ဘူးဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ပရိသတ်တွေရဲ့အမျက်ဒေါသထွက်ခြင်းကို ပိုပြီးခံလာရဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ လူကာကူအနေနဲ့ ကြံ့ခိုင်မှုလိုအပ်ချက်ကြောင့် ပွဲချိန်ပြည့် ပြန်လည်ကစားနိုင်ခြင်းမရှိသေးပေမဲ့ ပွဲတွေ ပြန်ကစားရလာနိုင်တဲ့ လာမယ့်ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲကျပ်ကာလမျိုးမှာ အသင်းအတွက် ကြီးမားတဲ့ အထောက်အပံ့ကောင်းတွေပြုလုပ်ပေးဖို့ သေချာပေါက် လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း လူကာကူအနေနဲ့ ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ စိတ်ချယုံကြည်မှုကို ပြန်လည်ရယူ တည်ဆောက်နိုင်မှာ ဖြစ်သလို၊ သူကိုယ်တိုင်လည်း ပြင်းပြတဲ့စိတ်ဆန္ဒနဲ့အတူ ပွဲစဉ်တိုင်းကို ဖိအားကင်းကင်းနဲ့ တိုက်ပွဲဝင်နိုင်ပါလိမ့်မယ်။
တကယ်ပဲ ဦးဆောင်ပေးနိုင်မှာလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago