ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 15 December 2021

မိုချန်ဂလာဘတ် - ဖရန့်ဖတ် (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းက အံ့အားသင့်ဖွယ်ကောင်း အောင် ဂိုးပြတ်ရှုံးပွဲတွေနဲ့ အဆိုးရွားဆုံးအခြေအနေ ရောက်နေ တယ်။ အဝေးကွင်းရလဒ်မဆိုးတဲ့ ဖရန့်ဖတ် အမှတ်ရယူနိုင်ဖို့ များတယ်။

ဒေါ့မွန် - ဂရိုင်သာဖက်သ် (ကြာသပတေးနံနက် ၂း၀၀ နာရီ)

ဘိုင်ယန်နဲ့ ခြောက်မှတ်အထိ ကွာသွားတာဖြစ်လို့ ဒေါ့မွန်အနေနဲ့ ထပ်ပြီးအမှားခံလို့မရ တော့တဲ့အခြေအနေ ရောက်နေပါပြီ။ ဂရိုင်သာဖက်သ်အသင်းက နိုင်ပွဲပြန်ရထားပေမဲ့ ဒေါ့ မွန်ကိုတော့ ဒုက္ခပေးနိုင်ခြေမရှိပါဘူး။  ဒေါ့မွန် သုံးဂိုးတော့ ပြတ်လိမ့်မယ်။

 

လေဗာကူဆင် - ဟော်ဖန်ဟင်မ် (ကြာသပတေးနံနက် ၂း၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်းက (၄)ပွဲဆက်အနိုင်ကစားပြီး အ ဆင့်(၄)နေရာအထိ ရောက်လာတယ်။ လေဗာကူဆင်ကို ဟော် ဖန်ဟင်မ် ဒုက္ခပေးနိုင်တယ်။

အူန်ယွန်းဘာလင် - ဖရိုင်းဘတ် (ကြာသပတေးနံနက် ၂း၀၀ နာရီ)

အူန်ယွန်းဘာလင်အသင်းရဲ့အိမ်ကွင်းရလဒ်တွေက လေး စားလောက်စရာကောင်းပါတယ်။ အူန်ယွန်းဘာလင်ဘက်ကပဲ ရပ်တည်သင့်တယ်။

အော့စ်ဘတ် - လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၂း၀၀ နာရီ)

အော့စ်ဘတ်က အိမ်ကွင်းမှာ ဘိုင်ယန်လိုအသင်းမျိုးကို အနိုင်ကစားထားတဲ့အသင်းပါ။ လိုက်ပ်ဇစ်အသင်း နိုင်ပွဲပြန်ရ ထားပေမဲ့ အဝေးကွင်းဖြစ်လို့ သိပ်တော့မျှော်လင့်လို့မရဘူး။ အော့စ်ဘတ်နဲ့ပဲ စွန့်စားသင့်တယ်။

Most Read

Most Recent