ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားနှင့် တွေ့ဆုံခြင်း

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားနှင့် တွေ့ဆုံခြင်း
Photos: Getty Images
Photos: Getty Images
Published 15 December 2021
Nay Lin Htet

၂၀၁၅ ခုနှစ်မှာ ပါလာမိုအသင်းကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျူဗင်တပ်စ်ရဲ့ အဓိကကစားသမားဖြစ်ခဲ့သလို၊ စီးရီးအေရဲ့ ပုံရိပ်အမြင့်မားဆုံးကစားသမားအဖြစ် ရှိခဲ့ပါတယ်။ ကစားပုံနဲ့ ဘောလုံးအမြင်၊ ပါရမီတွေကြောင့် ဒီဘားလားက ဒီဘက်ခေတ်ရဲ့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ တစ်ဦးချင်းအနေနဲ့ရော၊ အသင်းလိုက်အနေနဲ့ပါ အောင်မြင်မှု ကြီးကြီးမားမားရရှိဖို့ ရုန်းကန်နေရဆဲပါ။ ဒီဘားလားဟာ လက်ရှိရာသီမှာတော့ အသင်းအတွက် ခြေစွမ်းပြ၊ ဂိုးတွေသွင်းယူနေပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ (၈)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ပေးထားပါတယ်။ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိတော့တဲ့ ဒီဘားလားကို ဘောလုံးသမားတွေရဲ့ ကျော်ကြားမှု၊ ဘဝခံယူချက်နဲ့ နေထိုင်မှုအကြောင်း စူးစမ်းကြည့်ရာမှာတော့ ...