အိမ်ရှင်နှင့် နိုင်ငံရေးမျှခြေ

အိမ်ရှင်နှင့် နိုင်ငံရေးမျှခြေ
Photos: Getty Images
Photos: Getty Images
Published 13 December 2021

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ ()တို့လို ကမ္ဘာ့အားကစား လောကရဲ့ ဦးဆောင်အဖွဲ့အစည်းတွေက သူတို့ဦး ဆောင်ကျင်းပနေတဲ့ ပြိုင်ပွဲတွေအတွက် အိမ်ရှင် ဆိုတဲ့ အခွင့်အရေးကို လွယ်လွယ်ကူကူပေးလေ့ မရှိတာကိုတော့ အားလုံးသိပြီးဖြစ်တယ်။ အဲဒီလို မလွယ်ကူတာကြောင့်လည်း ယနေ့ကမ္ဘာ့အားက စားလောကမှာ အိမ်ရှင်ဆိုတဲ့အခွင့်အရေးရဖို့ မ သမာတဲ့နည်းလမ်းတွေ အသုံးပြုလာကြတာ တွေ့ ရလိမ့်မယ်။ အိမ်ရှင်ဆိုတဲ့ အခွင့်အရေးအတွက် အကျင့်ပျက်ခြစားမှုတွေကလည်း ယနေ့ကမ္ဘာ့ အားကစားလောကမှာ အညှီအဟောက်ကိုဖြစ်လို့။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပ ခွင့်ရထားတဲ့ သဲကန္တာရနိုင်ငံ ကာတာက သက်သေ ပဲ။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ဖီဖာဥက္ကဋ္ဌ ဟောင်း ဆပ်ဘလတ္တာနဲ့အာရှဘောလုံးအဖွဲ့ချုပ်  ဥက္ကဋ္ဌဟောင်း ဘင်ဟမ်းမန်းတို့က ဂုဏ် သိက္ခာတွေနဲ့ လဲယူသွားခဲ့ကြတယ်။ ကမ္ဘာ့ဘောလုံး အသိုင်းအဝိုင်းမှာ ဘယ်တော့မှ မျက်နှာမပြရဲတော့ တဲ့အခြေအနေအထိ အရှက်သိက္ခာကင်းမဲ့စွာနဲ့ အဝေး ဆုံးကို ထွက်ပြေးခဲ့ရတယ်။ ကာတာကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပ ခွင့်ရ သွားတယ်။ ကာတာလက်ရွေးစင်ဘောလုံးအ သင်းဆိုတာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဘယ် တုန်းကမှ တက်ရောက်ယှဉ်ပြိုင်ဖူးခဲ့တာ မရှိဘူး။ အခု အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရလို့သာ သူ တို့ရဲ့သ မိုင်းမှာ ပထမဆုံးယှဉ်ပြိုင်ကစားခွင့်ရရှိတာ။ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့နောက် ကာ တာဟာ အာ ရပ်ကမ္ဘာ (ဝါ) မွတ်စလင်ကမ္ဘာမှာ သြဇာကြီးလာတယ်။ အရှိန်အဝါကြီးလာတယ်။ အနောက်ကမ္ဘာနဲ့ ဆက်ဆံရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလမ်းကြောင်းတွေ ပိုပွင့်လာတယ်။ နိုင်ငံ တကာရဲ့ လေး စားမှုနဲ့အသိအမှတ်ပြုမှုကို ပိုရလာ တယ်။ လွန်ခဲ့တဲ့ (၁၀)နှစ် ၂၀၁၀ ကထက် နိုင်ငံက စီးပွားရေးအခွင့်အလမ်းတွေ ပိုပွင့်လာတယ်။ ၂၀၁၀ တုန်းက တိုင်းပြည်ရဲ့ GDP က အမေရိကန်ဒေါ်လာ (၁၂၅ .၁)ဘီလီယံရှိခဲ့ရာကနေ ယနေ့မှာတော့ အမေရိ ကန်ဒေါ်လာ (၂၀၆)ဘီလီယံအထိ ရှိလာ ပြီ။ တိုင်းပြည်က ပိုပြီးပွင့်လင်းလာတာနဲ့အမျှ နိုင် ငံရဲ့ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေး အစရှိတဲ့ စီးပွားရေးဆိုင်ရာ ထောက်တိုင်တွေအား လုံးက တစ်ချိန်တည်း တစ်ပြိုင်တည်းဆိုသလို အ ရှိန်အဟုန်နဲ့ ထိုးတက်လာတယ်။ ၂၀၂၂ ကမ္ဘာ့ဖ လားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရလိုက်တာ က တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ အဆင့်တစ်ခု အထိ ဆွဲတင်လိုက်သလို ဖြစ်သွားတယ်။ တိုင်းပြည် က စီးပွားရေး အခွင့်အလမ်းများလာတော့ ရင်းနှီး မြှုပ်နှံလိုသူတွေ ဝင်လာတယ်။ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ များလာပြီး လူ တစ်ဦးချင်းဝင်ငွေကလည်း မြင့်လာတယ်။ ၂၀၁၀ က ကာတာနဲ့ ယနေ့ ကာတာ မတူတော့ဘူး။ ယနေ့ ကာတာနဲ့ ၂၀၂၂ အလွန် ကာတာကလည်း တူမှာမ ဟုတ်တော့ဘူး။ ဒါက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသွားတဲ့ ကာ တာနိုင်ငံရဲ့အခြေအနေ။