မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် သူနာပြုဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နစကထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် သူနာပြုဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နစကထုတ်ပြန်
Published 12 December 2021

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် သူနာပြုဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ ကိုအာ ကာဖြိုး (၃၀ နှစ်)က ဇနီးဖြစ်သူ သူနာပြု ဆရာမ ဒေါ်ချမ်းမြငြိမ်း (၂၉ နှစ်) အား နေအိမ် မှ ဆိုင်ကယ်ဖြင့် Cital Hospital ဆေးရုံသို့ လိုက်ပို့စဉ် လူနှစ်ဦးက ဆိုင်ကယ်မောင်းနှင် လိုက်ပါလာပြီး ပစ္စတိုသေနတ်ဖြင့် သုံးချက် ပစ်ခတ်ထွက်ပြေးသွားကြောင်း သတင်းရရှိ သည့်အတွက် ဖြစ်စဉ်နေရာသို့ လုံခြုံရေးပူး ပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များ သွားရောက် စစ်ဆေးစဉ် လက်နက်ကိုင်များ၏ ပစ်ခတ်မှု ကြောင့် သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းနှင့် ခင်ပွန်း ကိုအာကာဖြိုးတို့သည် သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ယင်းနေရာ တွင် USA 9 mm LUGER ကျည်ခွံနှစ်ခုအား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ထမ်းအား သတ်ဖြတ်ခဲ့ ပြီး လူမှုကွန်ရက်စာမျက်နှာအချု့တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်၍ သေဆုံးသည် ဆိုသော သတင်းအမှားများကို ရေးသားဖော်ပြခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွင် သိမ်းဆည်းရမိသည့် ပစ္စတိုကျည်ခွံများသည် မြန်မာနိုင်ငံအနှံ့ ပစ်ခတ်တိုက်ခိုက်မှုများလုပ် ရာတွင် PDF အဖွဲ့များ အများဆုံး အသုံးပြုနေ သည့် ပစ္စတိုကျည်ခွံများဖြစ်ကြောင်း သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent