ဘာစီလိုနာ၊ ဆီဗီလာတို့ကဲ့သို့ ချန်ပီယံလိဂ်မှ ရောက်လာမည့်အသင်းများအား ကြောက်ရွံ့ခြင်းမရှိဟု ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ် ပြောကြား

ဘာစီလိုနာ၊ ဆီဗီလာတို့ကဲ့သို့ ချန်ပီယံလိဂ်မှ ရောက်လာမည့်အသင်းများအား ကြောက်ရွံ့ခြင်းမရှိဟု ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 December 2021

 

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ယူရိုပါလိဂ် ရှုံးထွက်အဆင့်တွင် ဘာစီလိုနာ၊ ဆီဗီလာတို့ကဲ့သို့ ချန်ပီယံလိဂ်မှ ရောက်လာမည့်အသင်းများအား ကြောက်ရွံ့ခြင်းမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စု (H) တွင် ခြောက်ပွဲကစား၊ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုပထမနေရာရရှိပြီး ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရထားသည်။ ချန်ပီယံလိဂ်တွင် အုပ်စုတတိယရသည့် အသင်းများမှာ ယူရိုပါလိဂ် အုပ်စုဒုတိယအသင်းများနှင့် ရှုံးထွက်အဆင့် Play-offs ကစားရမည်ဖြစ်ပြီး အနိုင်ရသည့်အသင်းများမှာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ 

ချန်ပီယံလိဂ်၌ အုပ်စုတတိယရခဲ့သည့်အသင်းများအနက် ဘာစီလိုနာ၊ ဆီဗီလာ၊ လိုက်ပ်ဇစ်၊ ပေါ်တို၊ ဒေါ့မွန်တို့ကဲ့သို့ ထိပ်တန်းအသင်းများ ပါဝင်နေသော်လည်း ၎င်းတို့ကို ကြောက်ရွံ့ခြင်းမရှိကြောင်း ဒေးဗစ်မွိုက်စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ အသင်းကြီးတွေ အများကြီးနဲ့ ကစားရဖို့ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ကလည်း အသင်းကြီးတစ်သင်းဖြစ်နေပြီလို့ ထင်တယ်။ အသင်း တော်တော်များများက ကျွန်တော်တို့နဲ့ကစား ဖို့ စိုးရိမ်နေကြမှာပါ။ အဲဒီပွဲစဉ်တွေကစားရမယ့်အချိန်မှာ ပုံစံကောင်းရနေဖို့ မျှော်လင့်ပါတယ်။ ပြိုင်ပွဲမှာရှိနေတဲ့ အသင်းနာမည်တွေကိုကြည့်လိုက်ရင် တော်တော်ခက်ခဲတာတွေ့ရမှာပါ။ ဒီကိုရောက်လာမယ့်အသင်းတွေက ဗိုလ်လုပွဲဆီရောက်ဖူးနေတဲ့ အသင်းတွေပါ။ ဒါပေမဲ့ သူတို့နဲ့ကစားရတဲ့အခါ ပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားနိုင်မယ်လို့ ထင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent