တိုရီနို - ဘိုလော့ဂ်နာ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)
လက်ရှိအနေအထားအရ ဘိုလော့ဂ်နာက တိုရီနိုထက် ပိုကောင်းတဲ့ အသင်းလို့ပြောလို့ရတယ်။ တိုရီနိုက နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ အိမ်ကွင်းနောက်ဆုံး (၄)ပွဲ ဆက်တော့ ရှုံးပွဲမရှိသေးပါဘူး။ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုး စားမယ့် တိုရီနိုပဲ ကြိုက်တယ်။
ဗီရိုနာ - အတ္တလန်တာ (တနင်္ဂနွေည ၈း၃၀ နာရီ)
အတ္တလန်တာက စီးရီးအေနောက်ဆုံး (၉)ပွဲဆက် ရှုူံးပွဲမရှိ ခဲ့သလို၊ နောက်ဆုံး (၅)ပွဲဆက်လည်း နိုင်ခဲ့ပါတယ်။ နည်းပြ ဂတ်စ်ပါရီနီရဲ့အသင်းက သူတို့ရဲ့ ရိုးရာအတိုင်း သွင်းဂိုးတွေကို ဆောင်ကျဉ်းနေနိုင်တုန်းပဲ။ ဗီရိုနာကလည်း အသင်းကောင်းတစ် သင်းဖြစ်ပြီး ရိုးမား၊ လာဇီယို၊ ဂျူဗင်တပ်စ်တို့ကို အနိုင်ကစားခဲ့ တယ်။ နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပြီး အတ္တလန်တာနိုင်ရင် တောင် ဂိုးပြတ်ဖို့တော့ မရှိပါဘူး။
နာပိုလီ - အမ်ပိုလီ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
ပွဲစဉ် (၁၁)အထိ ရလဒ်တွေ တောက်လျှောက်ကောင်းခဲ့တဲ့ နာပိုလီက စီးရီးအေ နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ တယ်။ ဒါပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်ဖြစ်ပြီး ပွဲတိုင်းတော့ ဂိုးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လည်း အသင်းရဲ့အဓိကဝါရင့်ကစားသမား မာတင်စ်က တိုက်စစ်ကို ဦးဆောင်လာဖို့ရှိပြီး တောင်ပံကစားသမား လိုဇာနိုနဲ့ တွဲ ဖက်ပါလိမ့်မယ်။ အမ်ပိုလီအသင်းကလည်း ဒီရာသီတန်းတက်တွေထဲမှာ အကောင်းဆုံးအသင်းဖြစ်ပြီး အဆုံးသတ်ကစားသ မားကောင်းတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း နေပယ်သွားကစားရမယ့်ပွဲမှာ နာပိုလီကို ရှိန်နေဖို့မရှိဘဲ အကောင်းဆုံးတုံ့ပြန် နိုင်ဖို့ အမ်ပိုလီအသင်းကြိုးစားပါလိမ့်မယ်။ နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပြီး နာပိုလီအသင်းအနိုင်ရဖို့ရှိပေမဲ့ ဂိုးပြတ်ဖို့တော့ ခက်ပါတယ်။
ဆာဆူအိုလို - လာဇီယို (တနင်္ဂနွေည ၁၁း၃၀ နာရီ)
လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်က ပွဲပယ်ပြစ်ဒဏ် ကြောင့် ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် အခုရာသီလာ ဇီယိုရဲ့ အဝေးကွင်းကစားပုံကလည်း အားရစရာသိပ်မရှိဘူး။ အ ဝေးကွင်းမှာ နိုင်ပွဲ (၂)ပွဲပဲ ရခဲ့တယ်။ ဆာဆူအိုလိုကလည်း လို အပ်ချက်တွေ ရှိဆဲပါပဲ။ ပြီးခဲ့တဲ့ နောက်ဆုံး (၂)ပွဲမှာတော့ ဂိုးတွေ ပေးခဲ့ရပြီးမှ နောက်ကလိုက်ချေပနိုင်ခဲ့တယ်။ ဒီပွဲတော့ အိမ်ကွင်း အားသာချက်ရှိတဲ့ ဆာဆူအိုလိုကို ကြိုက်တယ်။
အင်တာမီလန် - ကာဂလီယာရီ (တနင်္လာနံနက် ၂း၁၅ နာရီ)
အင်တာမီလန်ရဲ့ အခုရာသီခြေစွမ်းက အားရစရာဖြစ်ပြီး အင်ဇာဂီရဲ့အသင်းက ကွန် တီလက်ထက်ကထက်တောင် ပိုမိုတောက်ပလာတယ်လို့ ဆိုရမယ်။ လူကာကူမရှိတော့ပေ မဲ့ လော်တာရိုမာတီနက်ဇ်၊ ဂျက်ကို၊ ကော်ရီယာတို့က အကောင်းဆုံးပုံစံပြနေတယ်။ ကာဂ လီယာရီကတော့ နိုင်ပွဲ (၁)ပွဲသာရသေးပြီး အားနည်းချက်တွေလည်း များပြားလွန်းပါတယ်။ အင်တာမီလန် ဂိုးမိုးရွာမယ့်ပွဲပါပဲ။















