MAI နှင့် Air KBZ လေကြောင်းလိုင်းမှ မန္တလေး၊ စစ်တွေ၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကျိုင်းတုံ၊ ကော့သောင်းနှင့် ပူတာအိုခရီးစဉ်များအပါအဝင် မြို့ကြီး ၁၇ မြို့သို့ E 190 လေယာဉ်ဖြင့် ပျံသန်းမည်

MAI နှင့် Air KBZ လေကြောင်းလိုင်းမှ မန္တလေး၊ စစ်တွေ၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကျိုင်းတုံ၊ ကော့သောင်းနှင့် ပူတာအိုခရီးစဉ်များအပါအဝင် မြို့ကြီး ၁၇ မြို့သို့ E 190 လေယာဉ်ဖြင့် ပျံသန်းမည်
Published 10 December 2021

MAI နှင့် Air KBZ လေကြောင်းလိုင်းမှ မန္တလေး၊ စစ်တွေ၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကျိုင်းတုံ၊ ကော့သောင်းနှင့် ပူတာအိုခရီးစဉ်များအပါအဝင် မြို့ကြီး ၁၇ မြို့သို့ E 190 လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

MAI နှင့် Air KBZ လေကြောင်းလိုင်းသည် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များဖြစ်သည့် ထားဝယ်နှင့် ကော့သောင်းမြို့များသို့ ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိပြီး ရန်ကုန်မှ စစ်တွေနှင့် သံတွဲသို့ နေ့စဉ်နှင့် ကျောက်ဖြူသို့ တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲပေးနေကြောင်း သိရသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင် ဘာ ၃၁  ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း  COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီး သွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့် သတ်ချက်များအားလုံးကို ၂၀၂၁ နိုဝင်ဘာ ၃၁ ရက်အထိတိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ( သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူး လေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။    

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ကာလအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ထားခြင်းအား ထပ်မံ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  သတင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁ ဒသမ ၇ သန်းကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာလျှောက်ထားမှုမှ ရရှိဝင်ငွေ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၅၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ဝင်ဗီဇာ ၁၄ မျိုးအား ခွင့်ပြုလျက်ရှိပြီး ဆိုက်ရောက်ဗီဇာ အမျိုးအစားအား ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုတွင် နိုင်ငံပေါင်း  ၅၅ နိုင်ငံမှ နိုင်ငံသားများကို လုပ်ငန်းဗီဇာ၊ အလုပ်ရုံ၊ ဆွေးနွေးပွဲအပါအဝင် ဗီဇာအမျိုးအစားများအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ခွင့်ပြုထုတ် ပေးလျက်ရှိသည်။