နည်းဗျူဟာ အကျပ်အတည်းကြောင့် ခေါင်းကိုက်မခံပါနဲ့ ဂွါဒီယိုလာ ဘာနာဒိုဆေးလ်ဗား ရှိတယ်

နည်းဗျူဟာ အကျပ်အတည်းကြောင့် ခေါင်းကိုက်မခံပါနဲ့ ဂွါဒီယိုလာ ဘာနာဒိုဆေးလ်ဗား ရှိတယ်
Photo: Getty Images & AFP
Photo: Getty Images & AFP
Published 8 December 2021
AK

ဘာနာဒိုဆေးလ်ဗားက ဂွါဒီယိုလာရဲ့ နည်းဗျူဟာအကျပ်အတည်းကြောင့် ခေါင်းကိုက် ဝေဒနာမခံစားရအောင် ကူညီပေးနေတာကြာပြီ။ ညာခြမ်းမှာ ကစားရမလား၊ ဒါမှမဟုတ် တိုက်စစ် (၃)ယောက်တန်းမှာလား၊ ဒါမှမဟုတ် ကွင်းလယ်ဗဟိုနေရာလား။ ဂွါဒီယိုလာ ထားရာနေ၊ စေရာသွားဘဝနဲ့ သူရဲကောင်းဖြစ်နေတာ ဘာနာဒိုဆေးလ်ဗား ပါပဲ။ လိုအပ်သမျှအချိန်တိုင်း ကောင်းမွန်စွာအသုံး တော်ခံနိုင်ခဲ့သူဟာ ဘယ်တုန်းကမှ မျှော်လင့်ထားသလောက် ကျော်ကြားမှုမပိုင်ဆိုင်ခဲ့ရှာဘူး။ မန်စီးတီးရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း တစ်ကြိမ်ပဲရခဲ့ဖူးတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ဘာနာဒိုဆေးလ်ဗား က လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်လောက်ကတည်းက အကောင်းဆုံးကစားသမားဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့အသင်း ရမှတ် (၉၈)မှတ်ရခဲ့ချိန်တုန်းက ဗီဒီယိုတွေ ပြန်ကြည့်မယ်ဆိုရင် လက်ရှိဘာနာဒိုဆေးလ်ဗားနဲ့ တစ်ပုံစံတည်းတူညီထက်မြက်နေတဲ့ ဘာနာဒိုဆေးလ်ဗားကို မြင်ရပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။