၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၁၄ ဘီလျံကျော်သာ ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၉၅ သန်းနီးပါး လျော့ကျ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၁၄ ဘီလျံကျော်သာ ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၉၅ သန်းနီးပါး လျော့ကျ
 မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်စုံ)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်စုံ)
Published 7 December 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၀ ဒသမ ၁၄၀ ဘီလျံကျော် သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၉၅ သန်းနီးပါးလျော့ကျခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၆၈၉၀ ဒသမ ၁၈၁ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၂၅၀ ဒသမ ၄၀၇ သန်းဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၁၀၁၄၀ ဒသမ ၅၈၈ သန်း ရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၇၁၈၇ ဒသမ ၉၃၇ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၄၄၇ ဒသမ ၄၉၅ သန်းဖြင့် နယ်စပ်ကုန်သွယ်မှုပမာဏဒေါ်လာ  ၁၀၆၃၅ ဒသမ ၄၃၂ သန်းရရှိခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက် နယ်စပ်ကုန်သွယ်မှုပမာဏအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၇၂၁၉ ဒသမ ၁၆၉ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၀၆၈ ဒသမ ၃၆၅ သန်းဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၀၂၈၇ ဒသမ ၅၃၄ သန်းရရှိသည်။

၂၀၁၈(mini budget)တွင် ပို့ကုန် တန်ဖိုးဒေါ်လာ၂၉၂၅ ဒသမ ၀၀၂ သန်း၊ သွင်းကုန် တန်ဖိုးဒေါ်လာ ၁၅၃၆ ဒသမ ၀၁၅ သန်း ဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၄၆၁ ဒသမ ၀၁၇ သန်းရရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန် တန်ဖိုး ဒေါ်လာ ၅၅၀၄ ဒသမ ၀၁၁ သန်း၊ သွင်းကုန် တန်ဖိုး ဒေါ်လာ ၃၀၁၄ ဒသမ ၂၆၁ သန်းဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၈၅၁၈ ဒသမ ၂၇၂ သန်းရရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် တန်ဖိုးဒေါ်လာ ၄၉၀၉ ဒသမ ၈၂၂ သန်း၊သွင်းကုန် တန်ဖိုးဒေါ်လာ ၂၈၆၇ ဒသမ ၁၈၅ သန်း ဖြင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၇၇၇ ဒသမ ၀၀၇ သန်းရရှိသည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ မှ ပြည်ပသို့တင်ပို့နေသည့် ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ ၃၆၀၉ သန်းကျော်ဖြင့် အများဆုံး ဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာ ၃၁၁၉ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့်ပို့ကုန်များအ နက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် ကဏ္ဍက ဒေါ်လာ ၃၆၀၉ ဒသမ ၆၃ သန်း၊ သဘာဝဓာတ်ငွေ့တင်ပို့မှု မှ ဒေါ်လာ ၃၁၁၉ ဒသမ ၈၇ သန်း၊ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံ သို့  ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့  ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်နေပြီး ယင်း အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာ ထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်း ကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်း ကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်း ကဏ္ဍ၊ သစ်တော ထွက်ပစ္စည်း ကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များ နှင့်ဝန်ဆောင်မှု ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု ကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှု ကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍ စသည်တို့လည်း ပါဝင်သည် ။

Most Read

Most Recent