၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) နိုဝင်ဘာလလယ်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၆၇ သန်းကျော်သာရရှိသဖြင့် ယခင်နှစ်ကာလတူထက် နယ်စပ်ကုန်သွယ်မှု ထက်ဝက်ကျော်လျော့ကျ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) နိုဝင်ဘာလလယ်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၆၇ သန်းကျော်သာရရှိသဖြင့် ယခင်နှစ်ကာလတူထက် နယ်စပ်ကုန်သွယ်မှု ထက်ဝက်ကျော်လျော့ကျ
မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
Published 5 December 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) နိုဝင်ဘာလလယ်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၆၇ သန်းကျော်သာရရှိခဲ့သဖြင့် ယခင်နှစ်ကာလတူထက် နယ်စပ်ကုန်သွယ်မှု ထက်ဝက်ကျော် လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆၆၇ ဒသမ ၆၁၂ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၁၃၄၁ ဒသမ ၅၂၁ သန်း ရရှိခဲ့သည်။

အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ Mini Budget တစ်လကျော်အတွင်း နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၇၅ ဒသမ ၉၀၉ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ် လာ ၄၂၆ ဒသမ၂၅ သန်း၊ စပိန် နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁သန်း၊ UK သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်း တင်ပို့ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန် အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့်နိုင်ငံများ၌ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန် အများဆုံး တင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁၀ သန်း၊ စင်ကာပူမှ ဒေါ် လာ၂၆၀၄ ဒသမ ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊ အိန္ဒိ ယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက် နမ်နိုင်ငံမှ ၅၈ သန်း၊ ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂ သန်း တင်သွင်းထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၀၇၂ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၈၉ သန်း နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၀ သန်း၊ သွင်းကုန် တန်ဖိုးဒေါ်လာ ၁၅၃၈ ဒသမ ၇၁၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀၇၂ ဒသမ ၄၀၇ သန်း ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ နိုဝင်ဘာ ၁၂ ရက်အထိ တစ်လကျော်အတွင်း ပို့ကုန် ဒေါ်လာ ၁၇၃၅ ဒသမ ၃၆၉ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၅ ဒသမ ၉၈၅ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၃၄၆၁ ဒသမ ၃၅၄ သန်းရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်က ယခင်နှစ်ကာလတူထက် ပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၈ ဒသမ ၉၄၇ သန်း လျော့ကျခဲ့သည်။

Most Read

Most Recent